“ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းမှ Grade-5 နှင့် Grade-9 ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုခွင့်နှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်

Latest News - 105089 items

ကယားပြည်နယ်၊ သံလွင်မြစ်ကူးတံတားတစ်စင်းဖြစ်သည့် ဖားဆောင်းမြို့နယ်မှ မယ်စဲ့မြို့နယ်သို့ ဆက်သွယ်ထားသည့် သံလွင်တံတား (ဖားဆောင်း) အား KNPP၊ KNDF အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများက ဒုတိယအကြိမ် ထပ်မံမိုင်းထောင်ဖောက်ခွဲဖျက်ဆီး

Ministry of Information / Posted on February 25, 2026

KNPP၊ KNDF အဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်နှင့် ဒေသတွင်းကုန်စည်စီးဆင်းမှုများ ပျက် ပြားစေရန်ရည်ရွယ်၍ အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့် လမ်း၊ တံတားများ အားမိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများကို ယုတ်မာရိုင်းစိုင်းစွာ ဥပဒေမဲ့ကျူးလွန်လျက်ရှိကြရာ ဖားဆောင်းမြို့အနီးရှိ သံလွင်မြစ်ကူးတံတားတစ်စင်းဖြစ်သော သံလွင်တံတား (ဖားဆောင်း) အား အကြမ်းဖက်သမားများက ယနေ့နံနက်ပိုင်းတွင် ဒုတိယအကြိမ် ထပ်မံ၍ ယုတ်မာရိုင်းစိုင်းစွာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၂၉) သီဟတပ်ခွဲ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

Ministry of Information / Posted on February 25, 2026

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၂၉) သီဟတပ်ခွဲသင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဗထူးမြို့၊ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) စစ်ရေးပြကွင်း၌ ကျင်းပရာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် (ကိုယ်စား) နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်း တက်ရောက်မိန့်ခွန်းပြောကြားသည်။

ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်နှင့် ဇနီး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ဝင်များ ရောက်ရှိ၊ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆို၊ တွေ့ဆုံဆွေးနွေး၊ ဂုဏ်ပြုနေ့လယ်စာစားပွဲဖြင့် တည့်ခင်းဧည့်ခံ၊ လေ့လာရေးခရီးသွားရောက်

Ministry of Information / Posted on February 25, 2026

ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိလာသည့် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Sakesan Kantha နှင့် ဇနီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီ ၂၄ ရက်တွင် ထိုင်းဘုရင့်လေတပ်မှ လေယာဉ်ဖြင့် ရန်ကုန်မြို့ရှိ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်သို့ ရောက်ရှိကြရာ တပ်မတော် (လေ) မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့်လေတပ် စစ်သံမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ခဲ့သည့် ရှေ့တန်းပြန် နိုင်ငံ့သားကောင်းတပ်မတော်သားများအား သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆို

Ministry of Information / Posted on February 25, 2026

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊နှင့် လပွတ္တာမြို့နယ် ဒေသတဝိုက် နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်းတပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ ပြုလုပ်ရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ မှော်ဘီတပ်နယ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများ ပါဝင်တက်ရောက် ဂုဏ်ပြုကြိုဆိုကြသည်။

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဗထူးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် သင်တန်းနည်းပြများအား တွေ့ဆုံအမှာစကားပြောကြား

Ministry of Information / Posted on February 25, 2026

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယနေ့နံနက်ပိုင်းတွင် ဗထူးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် သင်တန်းနည်းပြများအား တွေ့ဆုံအမှာစကားပြောကြားသည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအနီး၌ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

Ministry of Information / Posted on February 25, 2026

နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် မူးယစ်ဆေးဝါးများ တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူ၍ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ နိုင်ငံတစ်ဝန်း မူးယစ်းဆေးဝါးထုတ်လုပ်မှုနှင့် တရားမဝင်ရောင်းဝယ်မှုများ တားဆီးကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို အင်တိုက်အားတိုက် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီလ ၂၄ ရက် မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊မိုင်းခုတ်မြို့အနီး၌ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


Posted on Feb 26, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Feb 25, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


Posted on Feb 24, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


Posted on Feb 23, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Feb 22, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စ​နေနေ့။


Posted on Feb 21, 2026

“ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းမှ Grade-5 နှင့် Grade-9 ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုခွင့်နှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်


Ministry of Information/ Naypyitaw / February 24, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၂၄

ဖေဖော်ဝါရီ ၂၃ ရက်က စတင်ကျင်းပသော နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်း Grade-5 နှင့် Grade-9 စာမေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ နန်းတော်ရာရပ်ရှိ “ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းတွင် တက်ရောက်လျက်ရှိသည့် Grade-5 ကျောင်းသား ကျောင်းသူ (၇၂)ဦးနှင့် Grade-9 ကျောင်းသား၊ ကျောင်းသူ(၈၉)ဦး စုစုပေါင်း(၁၆၁)ဦးတို့သည် ဖြေဆိုခွင့်ကတ်ပြားများ လက်ဝယ်ရှိသော်လည်း စာစစ်ဌာနသို့ သွားရောက်ဖြေဆိုရာတွင် ဖြေဆိုခွင့်မရရှိခဲ့သော ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသည်။

“ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းသည် ပုဂ္ဂလိကပညာရေးဥပဒေပုဒ်မ ၃၁၊ ပုဒ်မခွဲ ဋ နှင့် ပုဒ်မခွဲ ဍ တွင် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ကျူးလွန်ခြင်းကြောင့် ၆-၁-၂၀၂၆ ရက်တွင် ကျင်းပသော ပညာရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးက ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစ၍ ပိတ်သိမ်းရန် ဆုံးဖြတ်ထားသည့် ကျောင်းဖြစ်ပါသည်။

ဖြစ်စဉ်အမှန်မှာ “ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းတွင် အမှန်တကယ်တက်ရောက်ပြီး စာရင်းသွင်းထားသော ကျောင်းသား၊ ကျောင်းသူများ မနစ်နာစေရန် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် နှစ်ကုန်အထိ ခွင့်ပြုခဲ့ပြီး အခန်းဆုံးတတ်မြောက်မှု စစ်ဆေးခြင်း(၂)ကြိမ်၊ နှစ်ဝက်ဆုံး တတ်မြောက်မှု စစ်ဆေးခြင်း(၁)ကြိမ် ဖြေဆိုခဲ့သော Grade-5 ကျောင်းသား၊ ကျောင်းသူ(၄၀)ဦးနှင့် Grade-9 ကျောင်းသား၊ ကျောင်းသူ(၄၀)ဦး စုစုပေါင်း(၈၀)ဦးတို့ကိုသာ ယခုကျင်းပလျက်ရှိသော နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်းအား ဖြေဆိုခွင့်ပြုခဲ့ပါသည်။

ယခုဖြစ်စဉ်တွင်ပါဝင်သော Grade-5 ကျောင်းသား၊ ကျောင်းသူ(၇၂)ဦးနှင့် Grade-9 ကျောင်းသား၊ ကျောင်းသူ(၈၉)ဦး စုစုပေါင်း(၁၆၁)ဦးတို့သည် ကျောင်းအပ်နှံစာရင်းတွင် ပါဝင်မှုမရှိခြင်း၊ ၎င်းကျောင်းမှ လစဉ် (ဇွန်လမှဖေဖော်ဝါရီလထိ) တင်ပြခဲ့သော ကျောင်းသားလချုပ်စာရင်းတွင် ပါဝင်မှုမရှိခြင်း၊ နှစ်ဆုံးစာမေးပွဲ ဖြေဆိုသူစာရင်း(သွင်းစာရင်း)တွင် ပါဝင်မှုမရှိခြင်း၊ ၎င်းကျောင်းသို့ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ သွားရောက်စစ်ဆေးချိန်တွင်လည်း ဖော်ပြပါ ကျောင်းသားများသည် အမှန်တကယ် ကျောင်းတက်ရောက်မှုမရှိခြင်း၊ အခန်းဆုံးနှင့် နှစ်ဝက်ဆုံး တတ်မြောက်မှုစစ်ဆေးခြင်း (၃)ကြိမ်ဖြေဆိုထားသည့် အထောက်အထားများမရှိသည့်အတွက် မူဝါဒအရ စာမေးပွဲဖြေဆိုခွင့်မရရှိခြင်းကို သိရှိသော်လည်း ဖြေဆိုခွင့်ကတ်ပြားများ ရယူခဲ့ခြင်းဖြစ်ပါသည်။

ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေးခဲ့ခြင်းနှင့်ပတ်သက်၍ သတ်မှတ်ချက်နှင့်ကိုက်ညီမှုမရှိသော ကျောင်းသားများအား စစ်ကိုင်းခရိုင်ပညာရေးမှူးသည် ဖြေဆိုခွင့်ကတ်ပြားများကို ၂၂-၂-၂၀၂၆ ရက်နေ့တွင် ထုတ်ပေးခဲ့သည့်အတွက် ယခုကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်အပေါ် ၎င်းခရိုင်ပညာရေးမှူးအား နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများနှင့်အညီ စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။