ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း


Ministry of Information/ Naypyitaw / January 24, 2025
image


၁။ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ အောင်သီဟရပ်ကွက်၊ သဇင်လမ်း၊ ဧ-၁၂၇ တွင် ပါတီရုံးချုပ်တည်ရှိသော ကယားပြည်နယ်ပြည်သူ့ပါတီ(KySPP)က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၅ အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် ၂၁-၁-၂၀၂၅ ရက်နေ့တွင် လျှောက်ထားလာပါသည်။ ယင်းသို့လျှောက်ထားရာတွင် ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ကို ဖော်ပြပါအတိုင်းအသုံးပြုမည်ဖြစ်ကြောင်း တင်ပြလာပါသည်။

၂။ ယင်းအဖွဲ့အစည်းက အသုံးပြုမည့် ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ကို ကန့်ကွက်လိုက ယခုကြေညာသည့်နေ့မှစ၍ (၇)ရက်အတွင်း ခိုင်လုံသောအထောက်အထားများဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်နိုင်ပါကြောင်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေ ၁၄ (ဃ) အရအများသိစေရန် ကြေညာအပ်ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်