ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုး Electronic မှတ်တမ်း (English Version) အား ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင်အင်တာနက်စာမျက်နှာဖြစ်သည့် c19vc.moh.gov.mm တွင် လျှောက်ထားရယူနိုင်ကြောင်း အသိပေးကြေညာချက်


Ministry of Information/ Naypyitaw / April 07, 2022


ကျန်းမာရေးဝန်ကြီးဌာနသည် အပြည်ပြည်ဆိုင်ရာခရီးသွားလာမှုအတွက်  မည်သည့် မိုဘိုင်းဖုန်း/ တက်ဘလက်နှင့်မဆို အသုံးပြုနိုင်သည့် QR code ပါရှိသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုး Electronic မှတ်တမ်း (COVID-19 Vaccination Electronic Certificate) (English Version) အား Online စနစ်ဖြင့် ထုတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ (--၂၀၂၂)ရက်နေ့မှစ၍ ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင် အင်တာနက်စာမျက်နှာဖြစ်သည့် c19vc.moh.gov.mm မှတဆင့် လျှောက်ထားရယူနိုင်ကြောင်း အသိပေးကြေညာအပ်ပါသည်။

Electronic Vaccination Certificate ကို လျှောက်ထားနိုင်သူများ

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးသူ၊

ကာကွယ်ဆေးထိုးအချက်အလက်များအား Vaccination Management Information System-VMIS စနစ်တွင် စာရင်းမှတ်တမ်းသွင်းပြီး VMIS စနစ်မှ မြန်မာဘာသာဖြင့် ထုတ်ပေးသည့် QR code, Check ID ပါသည့် ကာကွယ်ဆေးထိုးမှတ်တမ်း ရှိသူ၊

လျှောက်ထားရာတွင် တင်သွင်းရန် လိုအပ်သည့်အချက်များ

Online စနစ်ဖြင့် လျှောက်ထားသူမှ အမည်၊ အဘအမည်၊ Passport No. VMIS စနစ်မှ မြန်မာဘာသာဖြင့် ထုတ်ပေးသည့် ကာကွယ်ဆေးထိုးမှတ်တမ်းပေါ်ရှိ Check ID (CHK_ID) နှင့် ဖုန်းနံပတ် စသည့်အချက်များကို ဖြည့်သွင်းရပါမည်၊

လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား (အရှေ့ဘက်) Passport Bio data ပါသည့် စာမျက်နှာနှင့် VMIS-မြန်မာဘာသာဆေးထိုးမှတ်တမ်းဓါတ်ပုံများ တွဲ၍ လျှောက် ထားရပါမည်၊

အချက်အလက်များဖြည့်သွင်းပြီးပါက mobile payment ဖြင့် လျှောက်ထားသူ တစ်ဦး လျှင် ငွေ(,၀၀၀)ကျပ် ပေးသွင်းရမည်ဖြစ်ပြီး mobile payment အသုံးပြုမှုအတွက် transaction charge (၂၀၀)ကျပ် ပေးသွင်းရမည်ဖြစ်ပါသည်၊

mobile payment အတွက် ကနဦးအနေဖြင့် CB Pay, Myanmar Citizen Pay, UAB Pay, KBZ Pay တို့အသုံးပြု၍ ငွေပေးသွင်းနိုင်မည်ဖြစ်ပါသည်။

(COVID-19 Vaccination Electronic Certificate) (English Version) အား လျောက်ထားပြီးနောက် မိမိလက်ဝယ်ရယူနိုင်ရေး ဆောင်ရွက်ရမည့်အချက်များ

Vaccination Certificate လျှောက်ထားသူများသည် အချက်အလက်များ ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းလျှောက်ထားပါက ရုံးဖွင့်ရက် ()ရက်အတွင်း COVID-19 Vaccination Electronic Certificate အား c19vc.moh.gov.mm တွင် မိမိကိုယ်တိုင် ရယူနိုင်ပါသည်၊

ထိုကဲ့သို့ ဆောင်ရွက်ရန် မိမိတို့ စတင်လျှောက်ထားစဉ်က ရရှိသည့် Token Key နှင့် Check ID (CHK_ID) အသုံးပြု၍ ရယူရမည်ဖြစ်ပါသည်၊

အချက်အလက်မပြည့်စုံသူများ၊ မှားယွင်းနေသူများမှ လိုအပ်သည့် ပြင်ဆင်မှုများဖြင့် ပြန် လည် လျှောက်ထားနိုင်ပါသည်။ ထိုကဲ့သို့ အမှားပြင်ဆင်ခြင်းအတွက် နောက်တစ်ကြိမ် ငွေထပ်မံပေးဆောင်ရန် မလိုအပ်ပါ၊

ထုတ်ပေးပြီးသည့် COVID-19 Vaccination Electronic Certificate ပျောက်ဆုံးပါက လည်း c19vc.moh.gov.mm တွင် Token Key နှင့် Check ID (CHK_ID) အသုံးပြု၍ ထပ်မံရယူခြင်း (download)ပြုလုပ်နိုင်မည်ဖြစ်ပါသည်။

သတင်းအချက်အလက်များထပ်မံသိရှိရယူလိုပါက ကျန်းမာရေးဝန်ကြီးဌာန၏ email address ဖြစ်သည့် c19vc@mohs.gov.mm သို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန