ညစ်ညမ်းစာများကို ထုတ်ဝေ၊ ဖြန့်ချိခဲ့သည့်အတွက် လုပ်ငန်းပိတ်သိမ်းထားသော ထုတ်ဝေသူများစာရင်းအား အသိပေးကြေညာခြင်း
ညစ်ညမ်းစာများကို ထုတ်ဝေ၊ ဖြန့်ချိခဲ့သည့်အတွက် လုပ်ငန်းပိတ်သိမ်းထားသော ထုတ်ဝေသူများစာရင်းအား အသိပေးကြေညာခြင်း
Ministry of Information/ Naypyitaw / March 10, 2025

၁။ ပြန်ကြားရေးဝန်ကြီးဌာနသည် ၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် အောက်ဖော်ပြပါ ပုံနှိပ်သူနှင့် ထုတ်ဝေသူများသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ (ဂ) ပါ ညစ်ညမ်းစာများကိုဖော်ပြခြင်း၊ စည်းကမ်းချက်ကို ဖောက်ဖျက်၍ ဟီရိဩတ္တပ္ပကင်းသော၊ မြန်မာ့လူ့အဖွဲ့အစည်းက လက်မခံသော၊ လူငယ်များ၏ တွေးခေါ်မြော်မြင်မှုနှင့် ခံစားနားလည်မှုကို လွဲမှားစေနိုင်သောအကြောင်းအရာများကို ထုတ်ဝေ၊ ဖြန့်ချိခဲ့ကြောင်းတွေ့ရှိရပါသည်-
၂။ ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ထုတ်ဝေစာများအား ဖတ်ရှုလေ့လာစိစစ်၍ ကြပ်မတ်စိစစ်လျက်ရှိပါကြောင်းနှင့် အဆိုပါဥပဒေစည်းကမ်းချက်များကို ဖောက်ဖျက်ကျူးလွန်သော အထက်ဖော်ပြပါ ပုံနှိပ်သူနှင့် ထုတ်ဝေသူတို့အား ၂၀၂၅ ခုနှစ်၊ မတ်လအတွင်း လုပ်ငန်းအသိအမှတ်ပြုလက်မှတ်များကို ရုပ်သိမ်းခြင်း၊ ထုတ်ဝေစာအုပ်များကို တရားမဝင်ထုတ်ဝေစာအဖြစ် ထုတ်ပြန်ကြေညာခြင်း၊ ဥပဒေနှင့်အညီ တရားစွဲဆိုခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။
၃။ သို့ဖြစ်ပါ၍ ပုံနှိပ်သူနှင့် ထုတ်ဝေသူများသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကို လေးစားလိုက်နာကြရန်နှင့် ဥပဒေပါစည်းကမ်းချက်များကို ဖောက်ဖျက်၍ ပုံနှိပ်၊ ထုတ်ဝေခြင်းများကိုပြုလုပ်ပါက ဥပဒေနှင့်အညီ တရားစွဲဆိုဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန