တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ဒုတိယဦးစီးမှူး(ဝင်ပေါက်)ရာထူးနေရာများအတွက် အရည်အချင်းစစ်(ရေးဖြေ၊ နှုတ်ဖြေ)အောင်မြင်သူများ၏ ခုံအမှတ်စာရင်း ထုတ်ပြန်ခြင်း
တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ဒုတိယဦးစီးမှူး(ဝင်ပေါက်)ရာထူးနေရာများအတွက် အရည်အချင်းစစ်(ရေးဖြေ၊ နှုတ်ဖြေ)အောင်မြင်သူများ၏ ခုံအမှတ်စာရင်း ထုတ်ပြန်ခြင်း
Ministry of Ethnic Affairs/ Naypyitaw / February 26, 2025

၁။ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီး ဌာနတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူး လစာနှုန်း ကျပ်(၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ရာထူး(၁၆)နေရာအတွက် အရည်အချင်းစစ်(ရေးဖြေ၊ နှုတ်ဖြေ) ဖြေဆိုအောင်မြင်သူ(၁၆)ဦး၏ ခုံအမှတ်များအား အောက်ပါအတိုင်း ထုတ်ပြန်ကြေညာလိုက်သည်-
ခုံအမှတ်
တစယ-၃၊ တစယ-၆။ တစယ-၁၀၊ တစယ-၁၁၊ တစယ-၁၄၊ တစယ-၂၂၊ တစယ-၂၄၊ တစယ-၂၅၊ တစယ-၂၆၊ တစယ-၃၀၊ တစယ-၃၃၊ တစယ-၃၅၊ တစယ-၄၄၊ တစယ-၄၈၊ တစယ-၅၀၊ တစယ-၅၃။
၂။ အဆိုပါ ပုဂ္ဂိုလ်များအနေဖြင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ရုံးအမှတ်(၁၄)၊ နေပြည်တော် ရုံးချုပ်သို့ အောက်ပါစာရွက် စာတမ်းများနှင့်အတူ (၂၇-၂-၂၀၂၅) ရက် (ကြာသပတေးနေ့) ညနေ (၁၆:၀၀)နာရီအချိန်ထက် နောက်မကျစေဘဲ သတင်းပေးပို့ရမည်ဖြစ်သည်-
(က) နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်း)
(ခ) တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်(မူရင်း)
(ဂ) ဘွဲ့လက်မှတ်(မူရင်း)
တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန