တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့် ရာထူးများအတွက် ရေးဖြေစာမေးပွဲ ကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ်များကို ထုတ်ပြန်ခြင်း နေပြည်တော်၊ ဩဂုတ် (၁၀)


Ministry of Ethnic Affairs/ Naypyitaw / August 10, 2023
image


၁။ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့် ရာထူးနေရာများအတွက် လျှောက်လွှာ ပေးပို့တင်ပြထားသူများကို အောက်ပါအတိုင်း ရေးဖြေနှင့်နှုတ်ဖြေစာမေးပွဲ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်-

၂၁-၈-၂၀၂၃(တနင်္လာနေ့) -                  ရေးဖြေ        (၁၀:၀၀  နာရီမှ ၁၂:၀၀)  အင်္ဂလိပ်စာ

                                                                                               (၁၃:၀၀  နာရီမှ ၁၅:၀၀)  အထွေထွေဗဟုသုတ

၂၃-၈-၂၀၂၃(ဗုဒ္ဓဟူးနေ့)         -                 လူတွေ့နှုတ်ဖြေ      (၁၀:၀၀  နာရီမှ ၁၆:၀၀)

၂။ စာမေးပွဲဖြေဆိုမည့်သူများသည် ၁၈-၈-၂၀၂၃ ရက် (သောကြာနေ့)တွင် နံနက် ၀၉:၃၀  နာရီမှစ၍ ရုံးချိန်အတွင်း တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ရုံးအမှတ်(၁၄)၊ နေပြည်တော်၌ ဖြေဆိုခွင့်ကတ်ပြားများကို လူကိုယ်တိုင် လာရောက်ထုတ်ယူကြရပါမည်။ (စာမေးပွဲဖြေဆိုမည့်သူများသည် နိုင်ငံသားစိစစ်ရေးကတ် မူရင်းကို တစ်ပါတည်း ယူဆောင်လာရပါမည်။) 

၃။ လူတွေ့နှုတ်ဖြေ ဖြေဆိုရမည့် အမည်စာရင်းကို https://portal.moea.gov.mm , Facebook Page: Ethnic Affairs, Ministry, Myanmar နှင့် Facebook Page: Department of Ethnic Literature and Culture တို့တွင် ကြေညာ၍ ဆက်သွယ်အကြောင်းကြားပေးမည် ဖြစ်ပါသည်။ 



တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန


Download