နေပြည်တော်စည်ပင်သာယာရေးကော်မတီ မှ သပြေ(၂)နှင့်သဇင်(၆)အပျိုဆောင်များအနီးတွင် အသစ်တည်ဆောက်လျက်ရှိသည့် Steel Structure ဆိုင်ခန်း(၈)ခန်းရောင်းချခြင်းအတွက် အာမခံစပေါ်ငွေကျပ် ၁၀,၀၀၀,၀၀၀/- ပေးသွင်းပြီး လျှောက်ထားသူများကို မဲနှိုက်မည့်အစီအစဉ်အား သိရှိနိုင်စေရန် ကြေညာခြင်း


Naypyitaw Development Committee/ နေပြည်တော် / August 09, 2023


-    နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာန ၊ ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ သပြေ(၂)နှင့် သဇင်(၆)အပျိုဆောင်များအနီးတွင် အသစ်တည်ဆောက်သည့် Steel Structure ဆိုင်ခန်း(၁)ခန်းလျှင် (၁၄'×၃၀')အကျယ်ရှိ ဆိုင်ခန်း(၈)ခန်းအတွက် PO Cheque (100)သိန်းဖြင့် လျှောက်လွှာတင်သွင်းသူများအား မဲနှိုက်ရောင်းချနေရာချထားမည့်စာရင်းအား www.nptdc.gov.mm/customized/pdf/8-8-2023(Market list).pdf တွင် download ရယူနိုင်ပါသည်။