ပိန္နဲကုန်းရခိုင်ဂျာမေဗလီမှ သဘောထားထုတ်ပြန်ချက်


Ministry of Information/ Naypyitaw / January 23, 2024
image


၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်

၁။ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ ဗုဒ္ဓဘာသာဝင်များ အထွတ် အမြတ်ထားရာ ဘုရား၊ စေတီ၊ ပုထိုးများအပါအဝင် ဘာသာရေး ဆိုင်ရာ အဆောက်အဦများကို အကြမ်းဖက်သောင်းကျန်းသူ များက ပစ်ခတ်ခြင်း၊ ဖြိုချဖျက်ဆီးခြင်းများ အပါအဝင် အခြား အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရပါ သည်။

၂။ ထိုသို့ ဗုဒ္ဓဘာသာဝင်များ အလေးအမြတ်ထား ကိုးကွယ်နေကြ သည့် ဘုရားစေတီများ၊ ရုပ်ပွားတော်များနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို အကြမ်းဖက်ဖျက်ဆီးမှုများ ပြုလုပ်လျက် ရှိသော အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့အစည်းများအား ပိန္နဲကုန်းရခိုင်ဂျာမေဗလီက ကန့်ကွက်ရှုတ်ချပါကြောင်း သဘော ထားထုတ်ပြန်အပ်ပါသည်။

ပိန္နဲကုန်းရခိုင်ဂျာမေဗလီ