ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အသိပေးကြေညာချက်


Ministry of Information/ Naypyitaw / February 05, 2021


၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ  ၅  ရက်

၁။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတသည် နိုင်ငံတော်အတွင်း မူလအခြေအနေသို့ အမြန်ပြန်လည် ရောက်ရှိစေခြင်းငှာ လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ပြုနိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ အရေးပေါ်အခြေအနေကြေညာ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၈ အရ တပ်မတော် ကာကွယ်​ရေးဦးစီးချုပ်အား နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာများကို လွှဲပြောင်းပေးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စ၍ လွှတ်တော်အားလုံးနှင့် ဦးစီးအဖွဲ့များ၏ ဥပဒေပြုရေးဆိုင်ရာလုပ်ငန်းများ ရပ်ဆိုင်းသွားပြီး ဖြစ်ပါသည်။

၂။နိုင်ငံတော်အတွင်း ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကျင်းပရေး ဖြစ်စဉ်များတွင် မဲမသမာမှုများ ပေါ်ပေါက်ခဲ့သဖြင့် ယင်းကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများကို စတင် ပြုလုပ်လျက်ရှိပါသည်။

၃။သို့ပါ၍ သက်ဆိုင်ရာလွှတ်တော်အသီးသီးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပေးထားသော လွှတ်တော်ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြု လွှာများသည် မဲမသမာမှုများအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေစဉ်ကာလအတွင်း အကျိုးသက်ရောက်မှု တစ်စုံတစ်ရာမရှိကြောင်း အသိပေးကြေညာ လိုက်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်