ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
Ministry of Religious Affairs & Culture/ Naypyitaw / April 18, 2023

၁။ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)ဌာနခွဲ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ဘွဲ့နှင်းသဘင်ဓမ္မာရုံမျက်နှာကြက် အသစ်လဲလှယ်ခြင်းနှင့် မီးကြိုးများ ပြန်လည် တပ်ဆင်ခြင်း၊ အမိုးအသစ်လဲလှယ်ခြင်းနှင့် အတွင်း/အပြင် ဆေးသုတ်ခြင်းလုပ်ငန်း (၁၇၀'×၉၀') ကို ဆောင်ရွက်ရန်ရှိပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ် ပါသည်။
တင်ဒါလျှောက်လွှာရောင်းချမည့်ရက်/အချိန် ၁၉-၄-၂၀၂၃ ရက်နေ့မှ ၂-၅-၂၀၂၃ ရက်နေ့အထိ
၀၉:၃၀ နာရီမှ ၁၆:၀၀ နာရီထိ
တင်ဒါလျှောက်လွှာ တင်သွင်း/ဖွင့်ဖောက် ထပ်မံကြေညာပါမည်။
ရမည့်ရက်/အချိန်
တင်ဒါလျှောက်လွှာရောင်းချမည့်နေရာ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီး
ဌာန၊ လေးထပ်ဆောင်ရုံး၊ ရုံးအမှတ်(၃၁)၊
နေပြည်တော်။
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်
(ရန်ကုန်)ဌာနခွဲ၊ ကမ္ဘာအေးကုန်းမြေ၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
တင်ဒါတင်သွင်း/ဖွင့်မည့်နေရာ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီး
ဌာန၊ သုံးထပ်ဆောင်ရုံး၊ အစည်းအဝေးခန်းမ၊ ရုံးအမှတ်(၃၁)၊ နေပြည်တော်။
၂။ အသေးစိတ်သိရှိလိုပါက သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ နေပြည်တော်(ရုံးချုပ်) (ဖုန်း-၀၆၇-၄၀၆၄၇၂)၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)ဌာနခွဲ (ဖုန်း-၀၁-၆၆၄၃၉၅၊ ၀၁-၆၆၂၁၄၈)သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
တင်ဒါကော်မတီ