ပြည်ပရောက်မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးခြင်းနှင့်စပ်လျဉ်း၍ အသိပေးကြေညာခြင်း


Ministry of Information/ Naypyitaw / August 23, 2025
image_latest


၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှစ၍ အပိုင်းလိုက်ကျင်းပသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။ ပြည်ပရောက်မဲဆန္ဒရှင်များက ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် ပုံစံ (၁၅) များ ထုတ်ယူပေးပို့နိုင်မည့်နေ့ရက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ၂၁ - ၈ - ၂၀၂၅ ရက်စွဲပါ ကြေညာချက်အမှတ် (၆၂/၂၀၂၅ ) ဖြင့် ထုတ်ပြန်ကြေညာခဲ့ပါသည်။

၂။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၁၅-၈-၂၀၂၅ ရက်နေ့တွင် ကြေညာချက်အမှတ် (၅၀/၂၀၂၅)၊ (၅၁/၂၀၂၅)၊ (၅၂/၂၀၂၅) နှင့် (၅၃/၂၀၂၅) တို့ဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအတွင်းရှိ မြို့နယ် ၃၃၀ ပါဝင်သော မဲဆန္ဒနယ်များကို ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။ ကြိုတင်ဆန္ဒမဲပေးလိုသည့် ပြည်ပရောက်မဲဆန္ဒရှင်တိုင်းသည် ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် မဲပေးနိုင်ရေး ပုံစံ (၁၅) တောင်းဆိုရာတွင် သတ်မှတ်ကာလ ၂၁-၈-၂၀၂၅ ရက်နေ့မှ ၈-၉-၂၀၂၅ ရက်နေ့အတွင်း မိမိနှင့်သက်ဆိုင်သည့် မြို့နယ်အတွက် ပုံစံ (၁၅) ဖြင့် တောင်းဆိုနိုင်မည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်