ပြည်သူများထံ အသိပေးပန်ကြားချက်


Ministry of Home Affairs/ နေပြည်တော် / August 31, 2024


ပြည်တွင်းတွင် သာမန်မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားလာမှုနှင့် ပတ်သက်၍ ၁-၉-၂၀၂၄ ရက်မှစ၍ စာအုပ်ဖိုးငွေ ၃၅၀၀၀ ကျပ်မှ ၄၀၀၀၀ ကျပ်သို့ ပြောင်းလဲသတ်မှတ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

Online Appointment Date ရရှိပြီးသူများသည် ၁-၉-၂၀၂၄ ရက်မှစ၍ သက်ဆိုင်ရာ ရုံး/ ရုံးခွဲများတွင် နိုင်ငံကူးလက်မှတ် သွားရောက်လျှောက်ထားပါက ၅၀၀၀ ကျပ် အပိုဆောင်း ပေးသွင်းရမည်ဖြစ်ပါကြောင်း၊

Online Appointment Date မရရှိသေးသူများအနေဖြင့် Online မှ Appointment Date ရယူပါက တစ်ဦးလျှင် ၄၀၀၀၀ ကျပ် ပေးသွင်းရမည်ဖြစ်ပါကြောင်း အသိပေး ပန်ကြားအပ်ပါသည်။