ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို) က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက်


Ministry of Information/ Naypyitaw / January 23, 2024
image


 ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်

မြန်မာနိုင်ငံအတွင်းရှိ ဗုဒ္ဓဘာသာဝင်များ ယုံကြည်ကိုးကွယ်သည့် ဘုရား၊ စေတီ၊ ပုထိုးများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက ဗုံးများဖြင့ပစ်ချတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်း၊ ဖြိုချဖျက်ဆီးခြင်းများအား လူမဆန်စွာပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ထို့ပြင် TNLA အကြမ်းဖက် သောင်းကျန်းသူများက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့ အဝင်ရှိ တောင်ကုန်းပေါ်၌ ဗုဒ္ဓဘာသာဝင်များ တည်ထားကိုးကွယ်ထားသည့် စေတီတော်အား ဇန်နဝါရီလ ၁၀ ရက်မှ ၂၀ ရက်အထိ ဘက်ဟိုးဖြင့် ဖြိုချဖျက်ဆီးခဲ့ပြီး ဌာပနာထားသည့် ပစ္စည်းများကို ယူဆောင်သွားခဲ့ကြောင်း သိရှိရပါသည်။

ယခုကဲ့သို့ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက ဗုဒ္ဓဘာသာသာသနာကိုစော်ကားနေသည့် လုပ်ရပ်များအတွက်များစွာ စိတ်မကောင်းဖြစ်ရပါကြောင်း၊ ဗုဒ္ဓသာသနာကို ညှိုးနွမ်းအောင်လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်အဖွဲ့အစည်းများကို ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို)က လုံးဝလက်မခံပါကြောင်းနှင့် ပြင်းထန်စွာကန့်ကွက်ရှုတ်ချပါကြောင်း သဘောထား ထုတ်ပြန် ကြေညာအပ်ပါသည်။

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)