မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) ၏ သဘောထားထုတ်ပြန်ချက်


Ministry of Information/ Naypyitaw / January 23, 2024
image


၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်

အကြမ်းဖက်သောင်းကျန်းသူများက တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ ဘုရား၊ စေတီ၊ ပုထိုးများ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ ဘုရားရှိခိုးကျောင်းများကို ဗုံးများပစ်ချတိုက်ခိုက်ခြင်း၊ လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဘုရားစေတီများအား အကာအကွယ်ယူ၍ ခံစစ်စခန်းများပြုလုပ် ကာ အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ခြင်း စသည်တို့ကိုကျုးလွန်လျက်ရှိရာ ယခုအခါ TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်မြို့အဝင်ရှိ တောင်ကုန်းပေါ်၌ တည်ထားကိုးကွယ်ထားသည့် ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီတော်အား ဖြိုချဖျက်ဆီး ခဲ့ပြီး စေတီတော်အတွင်း ဌာပနာပစ္စည်းများကိုလည်း ယူဆောင်သွားခဲ့ကြောင်း သိရပါသည်။

ထိုသို့အကြမ်းဖက်သောင်းကျန်းသူများ၏ ဗုဒ္ဓဘာသာဝင်များ ယုံကြည်ကိုးကွယ်ရာ ဘာသာ သာသနာကို ယုတ်မာရိုင်းစိုင်းစွာ စော်ကားဖျက်ဆီးနေသည့်လုပ်ရပ်များမှာ မည်သို့မျှ လက်ခံနိုင်ဖွယ်ရာ မရှိသည့်အတွက် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။

 မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို)