မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ သဘောထားထုတ်ပြန်ချက်


Ministry of Information/ Naypyitaw / February 28, 2022


၁၃၈၃ ခု၊ တပို့တွဲလဆုတ် ၁၂ ရက်

၂၀၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်

၁။ လူမျိုးတုံးစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ်ကို ကျူးလွန်သည်ဟူသော စွပ်စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံမှ OIC အဖွဲ့ကိုယ်စားပြု၍ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင် တရားစွဲဆိုခဲ့ပါသည်။

၂။ ဂမ်ဘီယာနိုင်ငံက ICJ သို့ ဒုတိယအကြိမ် ဦးတိုက်လျှောက်ထားမှုကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက် နယ်သာလန်နိုင်ငံရှိ ICJ တရားရုံး တွင် ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံကိုယ်စားလှယ် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် အလှည့်ကျကိုယ်စားလှယ်အဖြစ် ဥပဒေရေး ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါ်သီတာဦးတို့ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ တက်ရောက်ဆောင်ရွက်ခဲ့ပါသည်။

၃။ တရားရုံး ပထမနေ့ တင်သွင်းခဲ့သော ကနဦးကန့်ကွက်လွှာနှင့် ပတ်သက်သည့် ကြားနာမှု၌ မြန်မာကိုယ်စားလှယ် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၏ အဖွင့်မိန့်ခွန်းတွင် မြန်မာနိုင်ငံကိုယ်စားပြု ရှေ့နေကြီးများအနေဖြင့် တရားရုံး၏ရှေ့မှောက်မှာ တရားစီရင်ပိုင်ခွင့်မရှိကြောင်း၊ ဆိုင်ရာဥပဒေများဖြင့် တိကျစွာဆန်းစစ်ကိုးကား၍ တင်ပြလျှောက်လဲနိုင်ခဲ့သော ဥပဒေကြောင်းဆိုင်ရာကိစ္စရပ်များမှာ ကျေနပ်အားရဖွယ် တွေ့ရှိရပါသည်။

၄။ တရားရုံး၏ ဒုတိယနေ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၏ နိဂုံးချုပ်မိန့်ခွန်း ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါ်သီတာဦးတို့၊ မြန်မာကိုယ်စားပြု ရှေ့နေကြီးများ၏ လျှောက်လဲချက်များပါ ဂမ်ဘီယာနိုင်ငံက တင်သွင်းခဲ့သည့် အပေါ် တရားရုံးက စီရင်ပိုင်ခွင့် မရှိကြောင်းနှင့်၊ သို့မဟုတ် ဂမ်ဘီယာနိုင်ငံသည် တရားစွဲဆိုပိုင်ခွင့်မရှိကြောင်း ကြေညာပေးရန် အပြည်ပြည် ဆိုင်ရာတရားရုံးသို့ လျှောက်ထားချက်အား မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့အနေဖြင့် ကြိုဆိုထောက်ခံပါသည်။

၅။ ဤအမှုကိစ္စနှင့်ပတ်သက်၍ တရားမျှတမှုအတွက် မြန်မာနိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို ဥပဒေနှင့်အညီ ကြိုးပမ်းကာကွယ် လျက်ရှိသော ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်ဦးစီးသည့် မြန်မာကိုယ်စား လှယ်အဖွဲ့၊ မြန်မာနိုင်ငံကိုယ်စားပြုရှေ့နေကြီးများကို ဂုဏ်ပြုမှတ် တမ်းတင်ပါကြောင်း၊ မြန်မာနိုင်ငံစစ်မှုထမ်း ဟောင်းအဖွဲ့သည် ယင်းတို့နှင့် တစ်သားတည်း ရပ်တည်လျက်ရှိပါကြောင်း ထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့