မြန်မာနိုင်ငံတော်ဗဟိုဘဏ် သတင်းထုတ်ပြန်ချက်


Ministry of Information/ Naypyitaw / November 16, 2023
image


ယခုလတ်တလောကာလတွင် အများပြည်သူအကျိုးစီးပွားပျက်စီးစေရန် မသမာသူလူတစ်စုက လူမှုကွန်ယက်စာမျက်နှာများတွင် သတင်းမှားများ ဖြန့်ဝေလျက်ရှိကြောင်း သိရှိရပါသည်။ အဆိုပါ လူမှုကွန်ရက်စာမျက်နှာများနှင့် အင်တာနက် Website များတွင် ဖြန့်ဝေနေသော ဘဏ်များရှိ အပ်ငွေစာရင်းများမှ ငွေသားထုတ်ယူခြင်းများကို ကန့်သတ်နေကြောင်း ထုတ်ပြန်ချက်များသည် မဟုတ်မမှန်သောသတင်းမှားများသာ ဖြစ်ကြပါသည်။ အလားတူ အချို့ပုဂ္ဂလိကဘဏ်များတွင် ဝန်ထမ်းများကို လစာများကြိုတင် ထုတ်ပေးကြောင်း သတင်းများသည်လည်း သတင်းမှား များဖြစ်ကြပါသည်။

ဘဏ်များရှိ အပ်ငွေစာရင်းများမှငွေသားထုတ်ယူခြင်းများကို ကန့်သတ်ချက်မရှိထုတ်ယူနိုင်ပြီး ဘဏ်များ၏ ဘဏ်ခွဲအသီးသီးတွင် Core Banking System စနစ်အရ အများပြည်သူ အပ်နှံငွေစာရင်းအချက်အလက်များကို အဆင်ပြေချောမွေ့စွာသိရှိနိုင်သဖြင့် နိုင်ငံတစ်ဝန်းရှိမည်သည့် ဘဏ်ခွဲတွင်မဆို ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ရယူနိုင်ပါသည်။ ထို့ပြင်ဒစ်ဂျစ်တယ်နည်းလမ်း ဖြင့်လည်းဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများ၊ ပေးချေမှုများကို လွယ်ကူစွာဆောင်ရွက်နိုင်ပြီး ဘဏ်များတွင် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို ပုံမှန်အတိုင်းဆောင်ရွက်လျက်ရှိပါသည်။ ဘဏ်များ၏ Customer များကလည်း ပုံမှန်ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ဘဏ်များထံမှ ရယူဆောင်ရွက် လျက်ရှိကြပါသည်။

ဤကဲ့သို့ အများပြည်သူ၏ အကျိုးစီးပွါးကို ထိခိုက်ပျက်စီးစေရန် သတင်းမှားများဖြန့်ဝေသူ များကိုဥပဒေပြဌာန်းချက်များနှင့်အညီ ဖော်ထုတ်အရေးယူပြီး ထိရောက်ဟန့်တားသော ပြစ်ဒဏ်များ ချမှတ်နိုင်ရန် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများနှင့်ပူး ပေါင်းဆောင်ရွက် လျက်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

(၁၆-၁၁-၂၀၂၃)