မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ် သဘောထားထုတ်ပြန်ချက်


Ministry of Information/ Naypyitaw / January 23, 2024
image


၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၂) ရက်

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့ရှိ ဘုရား၊ စေတီ၊ ပုထိုးများ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ ဘုရားရှိခိုးကျောင်းများကို ပစ်ခတ် ဖျက်ဆီးခြင်းများ ပြုလုပ်ခြင်းနှင့် ဘုရားစေတီများကို အကာ အကွယ်ယူပြီး ခံစစ်စခန်းများ ပြုလုပ်ကာ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခြင်း စသည်တို့ကို ကျူးလွန်လျက်ရှိသည်။

ထိုသို့ ဗုဒ္ဓဘာသာဝင်များ ယုံကြည်ကိုးကွယ်ရာ ဘာသာ၊ သာသနာကို ယုတ်မာရိုင်းစိုင်းစွာ စော်ကားဖျက်ဆီးနေသည့် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ၏ လုပ်ရပ်များသည် မည်သို့ မျှ လက်ခံနိုင်ဖွယ်ရာမရှိသည့်အတွက် မြန်မာနိုင်ငံ ဧဝံဂေလိ ခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်က လုံးဝလက်မခံနိုင်ပါကြောင်းနှင့် ပြင်းထန်စွာကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန် ကြေညာအပ်ပါသည်။

မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်