ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ လမ်း၊ တံတားဆိုင်ရာလုပ်ငန်းတာဝန်ခံအဖွဲ့မှ တံတားများကြံ့ခိုင်မှုစစ်ဆေးခြင်းအတွက် ဈေးနှုန်းအဆိုပြုလွှာ (Quotation) ခေါ်ယူခြင်း


Yangon City Development Committee/ location / December 12, 2020


၁။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ စီမံခန့်ခွဲ လျက်ရှိသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြစ်ကူး၊ ချောင်းကူးတံတား(၂၀) စင်း၏ ကြံ့ခိုင်မှုကို စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ရန်အတွက် တံတားတည်ဆောက်ခြင်း အတွေ့အကြုံ (သို့မဟုတ်) တံတား တည်ဆောက်မှု အရည်အသွေးစစ်ဆေးမှု အတွေ့အကြုံ အနည်းဆုံး(၃)နှစ်ရှိသော ကုမ္ပဏီများအား ဈေးနှုန်း အဆိုပြုလွှာ (Quotation) များ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။ တံတား(၂၀)စင်းကို Lot (1) နှင့် Lot (2) ဟူ၍ ခွဲခြားထားမည်ဖြစ်ပြီး Quotation တင်သွင်းသည့် ကုမ္ပဏီအနေဖြင့် မိမိနှစ်သက်ရာ Lot(၁) မျိုးကိုသာ တင်သွင်းခွင့်ရှိပါသည်။ အဆိုပြုလွှာပုံစံ (Quotation Form)တံတား(၂၀)စင်း ၏ Lot အလိုက် တည်နေရာ နှင့် တံတားကြံ့ခိုင်မှု စစ်ဆေးရမည့်ပုံစံ (Inspection Sheet) တို့ကို ရယူနိုင်ပါသည်။

၃။ အဆိုပြုလွှာများကို ၆-၁-၂၀၂၁ ရက် (ဗုဒ္ဓဟူးနေ့) ၊ (၁၅:၀၀) နာရီထက် နောက်မကျစေဘဲ လမ်း၊ တံတားဆိုင်ရာလုပ်ငန်းတာဝန်ခံအဖွဲ့သို့ ပေးပို့တင်သွင်းရန်ဖြစ်ပြီး အသေးစိတ် သိရှိလိုပါက လမ်း၊ တံတားဆိုင်ရာလုပ်ငန်းတာဝန်ခံအဖွဲ့ရုံး၊ တယ်လီဖုန်းအမှတ် - 09787678769 သို့ ရုံးချိန်အတွင်း ဆက်သွယ် မေးမြန်းနိုင်ပါသည်။

လမ်း၊ တံတားဆိုင်ရာလုပ်ငန်းတာဝန်ခံအဖွဲ့
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ