ရေကြောင်းသတိပေးချက် ထုတ်ပြန်ကြေညာ
ရေကြောင်းသတိပေးချက် ထုတ်ပြန်ကြေညာ
Ministry of Information/ Naypyitaw / October 07, 2022

၁။ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော POSCO International Corporation (Myanmar E&P) သည် ကမ်းလွန်လုပ်ကွက်အမှတ်၊ A-1 ဧရိယာတွင် Environmental Impact Assessment (EIA) Survey လုပ်ငန်းများအား MV.PACIFIC PANDA ဖြင့်ဆောင်ရွက်သွားမည့် တည်နေရာကိုဖော်ပြသည့် Coordinate များဖြစ်သော Point A မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၅၆ မိနစ် ၀၀ ဒသမ ၀၀ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၀၉၂ ဒီဂရီ ၁၉ မိနစ် ၀၀ ဒသမ ၀၀ စက္ကန့်၊ Point B မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၅၆ မိနစ် ၀၀ ဒသမ ၀၀ စက္ကန့်၊ အရှေ့ လောင်ဂျီတွဒ် ၀၉၂ ဒီဂရီ ၃၈ မိနစ် ၀၀ ဒသမ၀၀ စက္ကန့်၊ Point C မြောက် လတ္တီတွဒ် ၁၉ ဒီဂရီ ၃၂ မိနစ် ၀၀ ဒသမ ၀၀ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၀၉၂ ဒီဂရီ ၁၉ မိနစ် ၀၀ ဒသမ ၀၀ စက္ကန့်နှင့် Point D မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၃၂ မိနစ် ၀၀ ဒသမ ၀၀ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၀၉၂ ဒီဂရီ ၃၇ မိနစ် ၀၀ ဒသမ ၀၀ စက္ကန့်တို့အတွင်းတွင် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၇ ရက်မှ ၂၀၂၂ခုနှစ် နိုဝင်ဘာ ၃၀ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၂။ သို့ဖြစ်ပါ၍ ကမ်းလွန်လုပ်ကွက်အမှတ်၊ A-1 ဧရိယာတွင် Environmental Impact Assessent (EIA) Survey လုပ်ငန်းများအား MV.PACIFIC PANDA ဖြင့် လုပ်ငန်းများဆောင်ရွက်နေစဉ်ကာလအတွင်း လုပ်ငန်းများနှောင့်နှေးကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် အထက်ဖော်ပြပါတည်နေရာများမှ လေးကီလိုမီတာပတ်လည်အတွင်းအား ရေကြောင်းသတိပေးချက် (Notice to Mariners) ထုတ်ပြန်ကြေညာထားပါ၍ သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များဖြတ်သန်း သွားလာခြင်း၊ ကျောက်ချရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်းနှင့် ငါးဖမ်းကိရိယာများချထားခြင်းမပြုလုပ်ကြရန် အသိပေးကြေညာအပ်ပါသည်။
ငါးလုပ်ငန်းဦးစီးဌာန