သင်္ကြန်ရုံးပိတ်ရက်များအတွင်း ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC) ထုတ်ပေးမည့်အခြေအနေအား အသိပေးကြေညာခြင်း


Ministry of Labour/ ရုံးအမှတ် ၅၁ ၊ နေပြည်တော် / April 07, 2022


  • အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC) ပြုလုပ်ခွင့် လျှောက်ထားမှုများကိုစိစစ်၍ အထောက်အထားပြည့်စုံသူများကို ရုံးဖွင့်ရက်များတွင် OWIC ပြုလုပ်ခွင့် ပေးလျက်ရှိပါသည်။

 

  • ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မည့်သူများ လုပ်ငန်းခွင်သို့ အချိန်မီဝင်ရောက်နိုင်ရေးအတွက် သတ်မှတ်ချက်နှင့်ကိုက်ညီသူများကို  ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် ထုတ်ပေးရေးဌာန (မြောက်ဒဂုံ)တွင် သင်္ကြန်ရုံးပိတ်ရက်များဖြစ်သော ၂၀၂၂ ခုနှစ်၊ ဧပြီလ ၉၊ ၁၀၊ ၁၁၊ ၁၂ ရက်နေ့များတွင်ပါ OWIC ထုတ်ပေးရေးလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

                                                                                           အလုပ်သမားဝန်ကြီးဌာန