သာသနာရေးနှင့် ယဉ်ကျေးမှု၀န်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း


Ministry of Religious Affairs & Culture/ location / August 09, 2023


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သာသနာရေးနှင့် ယဉ်ကျေးမှု၀န်ကြီးဌာန

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန

အလုပ်လျှောက်လွှာခေါ်ယူခြင်း

၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော်       ရက်

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ      ရက်

၁။       သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော အောက်ဖော်ပြပါရာထူးနေရာများတွင် သတ်မှတ် အရည်အချင်းနှင့် ပြည့်မီသူများ လျှောက်ထားနိုင်ပါသည်-

စဉ်

ရာထူးအမည်

လစ်လပ်

ပညာအရည်အချင်း

(က)

သုတေသနလက်ထောက်-

(လစာနှုန်းကျပ်

၁၉၈၀၀၀-၂၀၀၀- ၂၀၈၀၀၀)

()ဦး

မဟာဘွဲ့ ရရှိပြီး သုတေသနလုပ်ငန်း များ ဆောင်ရွက်နိုင်သူဖြစ်ရမည်။

()

အငယ်တန်းအင်ဂျင်နီယာ-

(လစာနှုန်းကျပ်

၁၉၈၀၀၀-၂၀၀၀- ၂၀၈၀၀၀)

()ဦး

B.E (Civil), B.E (EP) ရရှိပြီး ပြုပြင် ထိန်းသိမ်းရေးနှင့်တည်ဆောက်ရေးလုပ်ငန်း များ၌ အတွေ့အကြုံရှိသူဖြစ်ရမည်။

()

ပြတိုက်လက်ထောက်-

(လစာနှုန်းကျပ်

၁၈၀၀၀၀-၂၀၀၀- ၁၉၀၀၀၀)

() ဦး

ဘွဲ့တစ်ခုခုရရှိပြီး ပြတိုက်လုပ်ငန်းများ ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။

()

စာရင်းကိုင်-

(လစာနှုန်းကျပ်

၁၈၀၀၀၀-၂၀၀၀- ၁၉၀၀၀၀)

() ဦး

ဘွဲ့တစ်ခုခုရရှိပြီးသူဖြစ်ရမည်။

()

ဓာတ်ခွဲခန်းကျွမ်းကျင်-

(လစာနှုန်းကျပ်

၁၈၀၀၀၀-၂၀၀၀- ၁၉၀၀၀၀)

()ဦး

သိပ္ပံဘွဲ့ (ဓာတု)ရရှိပြီးသူဖြစ်ရမည်။

()

ကျွမ်းကျင်- (ဓာတု)

(လစာနှုန်းကျပ်

၁၈၀၀၀၀-၂၀၀၀- ၁၉၀၀၀၀)

()ဦး

သိပ္ပံဘွဲ့ (ဓာတု)ရရှိပြီးသူဖြစ်ရမည်။

()

စာကြည့်တိုက်လက်ထောက်-

(လစာနှုန်းကျပ်

၁၈၀၀၀၀-၂၀၀၀- ၁၉၀၀၀၀)

() ဦး

ဘွဲ့တစ်ခုခုရရှိပြီးသူ ဖြစ်ရမည်။

()

ယာဉ်မောင်းစက်ပြင်-

(လစာနှုန်းကျပ်

၁၈၀၀၀၀-၂၀၀၀- ၁၉၀၀၀၀)

() ဦး

အခြေခံပညာအထက်တန်းအဆင့်ရှိပြီး ယာဉ်မောင်း()အဆင့်နှင့် ယာဉ်မောင်း စက်ပြင်ကျွမ်းကျင်သူဖြစ်ရမည်။

 

 

၂။       လျှောက်ထားသူသည် -

          (ကပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

          ()    ရာထူးနေရာများအတွက် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့တွင် ပြင်ပပုဂ္ဂိုလ်များ အသက် (၃၀)နှစ်၊ ဝန်ထမ်းဖြစ်ပါက အသက် (၃၅)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။

          ()    ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။

          (ဌာနတွင် အနည်းဆုံး ()နှစ်တာဝန်ထမ်းဆောင်ခြင်း၊ လုပ်သက်()နှစ်အတွင်း အခြား ဝန်ကြီးဌာနများမှခေါ်ယူသော ရာထူးနေရာများသို့ ဝင်ရောက်ဖြေဆိုခြင်း မပြုပါကြောင်း ဝန်ခံကတိပြု လက်မှတ်ရေးထိုးနိုင်ရမည်။

          ()    နေရာဒေသမရွေး တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။

၃။       လျှောက်လွှာများကို ကိုယ်ရေးရာဇဝင်အကျဉ်းနှင့်အတူ အောက်ပါ စာရွက်စာတမ်းများ ပူးတွဲ တင်ပြရမည်-

          (က)    တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်လက်မှတ်၊ ဘွဲ့ (သို့မဟုတ်) ယာယီဘွဲ့ ထောက်ခံစာ မိတ္တူ၊  (မိတ္တူမှန်ကန်ကြောင်း လက်မှတ်ရေးထိုးရန်)

          ()     အခြေခံပညာကျောင်းထောက်ခံချက်မိတ္တူနှင့် ယာဉ်မောင်း()လိုင်စင်မိတ္တူ

                    (ယာဉ်မောင်းစက်ပြင်- ရာထူးအတွက်သာ)

          ()     နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ

          ()    ()လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့အရွယ် ဓာတ်ပုံ()ပုံ

                    (နောက်ကျောတွင် အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်ရေးရန်)

          ()     ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာ ဌာနအကြီးအကဲ၏ ထောက်ခံချက်

          ()     နိုင်ငံ့ဝန်ထမ်းမဟုတ်သူများအတွက် အကျင့်စာရိတ္ထကောင်းမွန်ကြောင်း သက်ဆိုင်ရာ မြို့နယ် / ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်မူရင်း၊ ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာ မြို့နယ်ရဲစခန်း၏ ထောက်ခံချက်မူရင်း၊ သက်တမ်းရှိသော အလုပ်သမား မှတ်ပုံတင်ကတ်ပြားမိတ္တူ

          ()    ကျန်းမာကြောင်း ဆေးလက်မှတ်ထောက်ခံချက်မူရင်း၊

          ()    ဌာနတွင် အနည်းဆုံး ()နှစ်တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ဝန်ခံကတိပြု လက်မှတ်၊

          ()   လျှောက်ထားသူ၏ ကိုယ်ရေးအကျဉ်းအား ပူးတွဲပါ ပုံစံအတိုင်း ဖြည့်သွင်းတင်ပြရမည်။

၄။       လျှောက်လွှာများကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ရုံးချုပ်) ရုံးအမှတ် (၃၅) နေပြည်တော်သို့ ၃၁..၂၀၂၃ ရက်နေ့ နောက်ဆုံးထား၍ ပေးပို့လျှောက်ထားရမည်။ သတ်မှတ်ရက်ထက်ကျော်လွန်ရောက်ရှိလာသော လျှောက်လွှာများ၊ အရည်အချင်းသတ်မှတ်ချက်နှင့် မကိုက်ညီသူများ၊ ပူးတွဲတင်ပြရမည့် စာရွက် စာတမ်း အထောက်အထားများ မပြည့်စုံသူများကို လုံးဝ (လုံးဝ) ထည့်သွင်းလက်ခံစဉ်းစားပေးမည် မဟုတ်ပါ။

၅။       လျှောက်ထားသူများမှ သတ်မှတ်အရည်အချင်းပြည့်မီသူများအား လူတွေ့ဖြေဆိုရန် လျှောက်လွှာပါ ဆက်သွယ်ရန် ဖုန်းနံပါတ်မှတစ်ဆင့် အကြောင်းကြားပေးပါမည်။

၆။       လူတွေ့ စစ်ဆေးချိန်တွင် နိုင်ငံသားစိစစ်ရေးကတ်၊ တက္ကသိုလ်ဝင်တန်းအောင် လက်မှတ်၊
ဘွဲ့လက်မှတ်၊ အလုပ်သမားမှတ်ပုံတင် စသည့် အထောက်အထားမူရင်းများ တင်ပြနိုင်ရမည်။ အသေးစိတ်သိရှိလိုပါက ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ဖုန်း၊ ၀၆၇-၄၀၈၀၄၀ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ကိုယ်ရေးရာဇဝင်အကျဉ်း

 

အမည်                                                 -

အဘအမည်                                          -

မွေးသက္ကရာဇ်                                        -

နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်           -

ပညာအရည်အချင်း                                -

လူမျိုး                                                   -

ကိုးကွယ်သည့်ဘာသာ                            -

အိမ်ထောင်ရှိ / မရှိ                                 -

အရပ်အမြင့်                                           -

ကျား/                                                -

အခြားတက်ရောက်ဘူးသောသင်တန်းများ -

လုပ်ငန်းအတွေ့အကြုံ                             -    

ယခင်လုပ်ကိုင်ခဲ့ဘူးသောအလုပ်အကိုင်     -

(နိုင်ငံ့ဝန်ထမ်းတာဝန်ထမ်းဆောင်ခဲ့ဘူးပါက

မည်သည့်အတွက် နုတ်ထွက်ခဲ့ကြောင်း

ပြည့်စုံစွာ ဖော်ပြရန်)

ဆက်သွယ်ရမည့်လိပ်စာအပြည့်အစုံ          -

ဆက်သွယ်ရန် ဖုန်းနံပါတ်                        -

 

                                                                                          လက်မှတ်