အများပြည်သူရုံးပိတ်ရက်များ မှားယွင်းဖော်ပြခဲ့သည့် ပြက္ခဒိန်များအား အသိပေးကြေညာခြင်း


Ministry of Information/ Naypyitaw / November 10, 2024
image


၁။ ပြန်ကြားရေးဝန်ကြီးဌာနသည် ၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်အတွက် ထုတ်ဝေထားသော အောက်ဖော်ပြပါပြက္ခဒိန်များသည် အများပြည်သူရုံးပိတ်ရက်များကို မှားယွင်းဖော်ပြထားကြောင်း တွေ့ရှိရပါသည်-

ဆောင်းပါး

ဆောင်းပါး

၂။ ထိုကဲ့သို့မှားယွင်းဖော်ပြထားသော ထုတ်ဝေသူများဖြစ်သည့် ဦးမောင်မောင်လှ (ရွှေနိုင်ငံပိုစတာနှင့် စာပေဖြန့်ချိရေး)၊ ဦးလှဝင်း (ရွှေဝါဝင်းစာပေ)၊ ဦးအောင်မျိုးသန့် (အောင်မျိုးစာပေ)၊ ဦးမိုဟာမက်ဆာလာဟူဒင် (အစ္စလာမ့်မီးအိမ်စာပေတိုက်)၊ ဦးချစ်ဆွေ (မြတ်သဇင်စာပေ)၊ ဦးမျိုးသိန်း (ဆွေမဟာစာပေ) တို့အား အများပြည်သူတို့၏ ရုံးပိတ်ရက်များကို မှန်ကန်စွာ ဖော်ပြထုတ်ဝေရန် ခေါ်ယူသတိပေးမှတ်တမ်းတင်၍ ဝန်ခံကတိပြုလက်မှတ်ရေးထိုးစေခဲ့ပြီးဖြစ်ပါသည်။

၃။ သို့ဖြစ်ပါ၍ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့၊ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့၊ ဒီဇင်ဘာလ ၄ ရက်နေ့၊ စက်တင်ဘာလ ၂၉ ရက်နှင့် ဒီဇင်ဘာလ ၂၉ ရက်နေ့များသည် အများပြည်သူတို့၏ ရုံးပိတ်ရက်မဟုတ်ပါကြောင်းနှင့် ပြက္ခဒိန်ထုတ်ဝေသူများသည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့ပညာရှင်များက ရေးဆွဲထားသည့် မြန်မာ - ရခိုင် - အင်္ဂလိပ် မူမှန်ပြက္ခဒိန်ပါ ရုံးပိတ်ရက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်သော အများပြည်သူတို့၏ ရုံးပိတ်ရက်များ၊ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေသည့် ပြက္ခဒိန်ပါ အများပြည်သူတို့၏ ရုံးပိတ်ရက်များအတိုင်း ဖော်ပြထုတ်ဝေရမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

 ပြန်ကြားရေးဝန်ကြီးဌာန