အများပြည်သူ သိရှိနိုင်စေရန် အသိပေးတင်ပြခြင်း


Ministry of Cooperatives and Rural Development/ Naypyitaw / September 09, 2022


မြစိမ်းရောင်ကျေးရွာစီမံကိန်း အမည်ကို အသုံးပြု၍ ဒေသခံပြည်သူများအား လိမ်လည်ငွေတောင်းခံခြင်းများ ဆောင်ရွက်နေကြောင်း တွေ့ရှိနေရသဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် သက်ဆိုင်ရာဌာနများ နှင့် ပူးပေါင်း၍ လိုအပ်သော အရေးယူမှုများကို ဆောင်ရွက်လျက်ရှိပါသည်။
 
အများပြည်သူများအနေဖြင့် "ရန်ပုံငွေ ချထားပေးမည်ဟု အယုံသွင်းလိမ်လည် နေမှုများအား ယုံကြည်ခြင်း မရှိကြရန်" နှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်လိုပါက နီးစပ်ရာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးများထံ ဆက်သွယ်တင်ပြ ဆောင်ရွက်နိုင်ပါကြောင်းနှင့် သိရှိလို သည်များကို ရုံးအမှတ်(၃၆)၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံချုပ်) နေပြည်တော်၊ ဖုန်းနံပါတ် ၀၆၇-၃၄၁၈၆၂၂ သို့ ဆက်သွယ်မေးမြန်း နိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။