အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ပြင်ဆင်ဖွဲ့စည်းခြင်း (နိုင်ငံတော်သမ္မတရုံး - ကြေညာချက်အမှတ်၊ ၂ /၂၀၁၈)


/ နေပြည်တော် / March 30, 2018


National Symbols

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

ကြေညာချက်အမှတ်၊ ၂ /၂၀၁၈

၁၃၇၉ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက်

(၂၀၁၈ ခုနှစ်၊ မတ်လ ၃၀ ရက်)

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီပြင်ဆင်ဖွဲ့စည်းခြင်း

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၁၊ ပြည်ထောင်စုအစိုးရ အဖွဲ့ဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ(က)တို့ပါ ပြဌာန်းချက်များအရ “အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ” ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ပြင်ဆင် ဖွဲ့စည်းလိုက်သည် -

(က)

ဦးဝင်းမြင့်

နိုင်ငံတော်သမ္မတ

( ခ)

ဦးမြင့်ဆွေ

ဒုတိယသမ္မတ

( ဂ)

ဦးဟင်နရီဗန်ထီးယူ

ဒုတိယသမ္မတ

(ဃ)

ဦးတီခွန်မြတ်

ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်

( င)

မန်းဝင်းခိုင်သန်း

ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်

( စ)

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

(ဆ)

ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်

( ဇ)

ဒေါ်အောင်ဆန်းစုကြည်

ပြည်ထောင်စုဝန်ကြီး

နိုင်ငံခြားရေးဝန်ကြီးဌာန

( ဈ)

ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ

ပြည်ထောင်စုဝန်ကြီး

ပြည်ထဲရေးဝန်ကြီးဌာန

(ည)

ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း

ပြည်ထောင်စုဝန်ကြီး

ကာကွယ်ရေးဝန်ကြီးဌာန

( ဋ)

ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်

ပြည်ထောင်စုဝန်ကြီး နယ်စပ်ရေးရာဝန်ကြီးဌာန

၂။ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ(ခ) ပါ ပြဋ္ဌာန်းချက်အရ ပြည်ထောင်စုအစိုးရအဖွဲ့ အတွင်းရေးမှူးသည် ရာထူးအလျောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အတွင်းရေးမှူး ဖြစ်သည်။                                                                                     

(ပုံ) ဝင်းမြင့်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်