ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ကျင်းပရန် ခေါ်ယူခြင်း နေပြည်တော် အောက်တိုဘာ ၂၁


Pyidaungsu Hluttaw/ location / October 21, 2018


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၇၉၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၁၃ နှင့် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၃၊ နည်းဥပဒေခွဲ (ခ) တို့အရ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေးကို နေပြည်တော်၌ ၁၃၈၀ ပြည့်နှစ်၊ တန်ဆောင်မုန်းလဆန်း ၅ ရက် (၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်) တနင်္လာနေ့၊ ၁၃၃၀ နာရီ အချိန်တွင် စတင်ကျင်းပရန် ခေါ်ယူကြောင်း ကြေညာအပ်ပါသည်


Download ရယူရန်>>>>>>>ကြေညာချက်(၅/၂၀၁၈)