Latest News

Two Innocent Civilians Injured in Heavy Weapon Attack by KIA Insurgents and So-Called PDF Terrorists in Waingmaw Township of Kachin State

Ministry of Home Affairs / Posted on November 25, 2025

Terrorists are ruthlessly carrying out abductions, killings and armed attacks, using both heavy and small weapons, on wards and villages, as well as conducting drone strikes, all with the intent to harm .........................

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

Ministry of Information / Posted on November 26, 2025

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်း

Ministry of Information / Posted on November 26, 2025

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်း

Newspaper

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၇ ရက် ၊ နိုဝင်ဘာ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၆ ရက် ၊ နိုဝင်ဘာ ၂၅ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 25, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက် ၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 24, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လစ်လပ်လျက်ရှိသောရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း


Ministry of Cooperatives and Rural Development/ Naypyitaw / November 26, 2025


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

နေပြည်တော်

လျှောက်လွှာခေါ်ယူခြင်း

၁။         သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တွင် အောက်ဖော်ပြပါ ရာထူးနေရာများ လစ်လပ်လျက်ရှိပါသည်-

            (က)     အငယ်တန်းအင်ဂျင်နီယာ-၃ ရာထူး                            (၃၃)နေရာ

                       (လစာနှုန်းကျပ်၁၉၈၀၀၀-၂၀၀၀-၂၀၈၀၀၀)

            ( ခ )     အငယ်တန်းစာရေး                                                 (၁၀၀)နေရာ  

                       (လစာနှုန်းကျပ်၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)

            ( ဂ )    ဒု-လက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှူး              (၅၀)နေရာ

                       (လစာနှုန်းကျပ်၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)

            (ဃ)     စာရင်းကိုင်-၄                                                        (၅၀)နေရာ

                       (လစာနှုန်းကျပ်၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)

            ( င )     အငယ်တန်းအင်ဂျင်နီယာ-၄ ရာထူး                            (၇)နေရာ

                       (လစာနှုန်းကျပ်၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)

၂။         လျှောက်ထားသူသည်-

(က)     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

( ခ )     အငယ်တန်းအင်ဂျင်နီယာ-၃ရာထူးအတွက် (၃၁-၁၂-၂၀၂၅) ရက်နေ့တွင် အသက် (၃၂)နှစ်နှင့် ဝန်ထမ်းဖြစ်ပါက အသက်(၃၅)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။

( ဂ )     အငယ်တန်းစာရေး၊ ဒု-လက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှူး၊ စာရင်းကိုင်-၄ နှင့် အငယ်တန်းအင်ဂျင်နီယာ-၄ ရာထူးများအတွက် (၃၁-၁၂-၂၀၂၅) ရက်နေ့တွင် အသက်(၃၀)နှစ်ထက် မကျော်လွန်သူ၊ ဝန်ထမ်းဖြစ်ပါက အသက်(၃၅)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။

(ဃ)     အငယ်တန်းအင်ဂျင်နီယာ-၃ရာထူးအတွက် မြို့ပြအင်ဂျင်နီယာဆိုင်ရာဘွဲ့တစ်ခုခု ရရှိသူ ဖြစ်ရမည်။

( င )     အငယ်တန်းစာရေးရာထူးအတွက် ဘွဲ့တစ်ခုခုရရှိသူ ဖြစ်ရမည်။

( စ )     ဒု-လက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှူးရာထူးအတွက် ကွန်ပျူတာဆိုင်ရာ ဘွဲ့တစ်ခုခု (သို့မဟုတ်) ဘွဲ့တစ်ခုခုနှင့် ကွန်ပျူတာဆိုင်ရာဒီပလိုမာရရှိသူ  ဖြစ်ရ မည်။

(ဆ)     စာရင်းကိုင်-၄ ရာထူးအတွက် စာရင်းအင်းဆိုင်ရာ ဘွဲ့တစ်ခုခု (သို့မဟုတ်) ဘွဲ့တစ်ခုခုနှင့် စာရင်းအင်းဆိုင်ရာဒီပလိုမာရရှိသူ ဖြစ်ရမည်။

( ဇ )     အငယ်တန်းအင်ဂျင်နီယာ-၄ ရာထူးအတွက် မြို့ပြအင်ဂျင်နီယာဆိုင်ရာဘွဲ့/ ဒီပလိုမာ တစ်ခုခုရရှိသူဖြစ်ရမည်။

     ( ဈ )     ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။

     (ည)     ဌာနတွင် အနည်းဆုံး(၃)နှစ် ဒေသမရွေးတာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။    

( ဋ )    ဒေသခံများအားဦးစားပေးစဉ်းစားမည်၊ ဝေးလံဒေသများအတွက် အသက် သတ်မှတ် ချက်အား လျှော့ပေါ့စဉ်းစားမည်။    

( ဌ )     အခြားဝန်ထမ်းအဖွဲ့အစည်းများမှ လျှောက်ထားသူများသည် သက်ဆိုင်ရာဝန်ကြီး ဌာန နှင့် အဖွဲ့အစည်းအကြီးအမှူး၏ ခွင့်ပြုချက်ဖြင့် လျှောက်ထားရမည်။

( ဍ )    အစိုးရဌာနတစ်ခုခု၏ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ် (Dismissal) သည့် ပြစ်ဒဏ်နှင့် ရာထူးမှထုတ်ပယ် (Removal) သည့်ပြစ်ဒဏ်ချမှတ်ခံထားရသူများ လျှောက်ထားခွင့် မရှိပါ။

၃။         တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဝန်ထမ်းသစ်ဖြည့်တင်း ခန့်ထားမည့် ဒေသများအား သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန Website www.mcrd.gov.mm နှင့် သက်ဆိုင်ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးများတွင် ဖော်ပြကြော်ငြာထားမည်ဖြစ်ပါသည်။

၄။         လျှောက်လွှာတွင် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ မွေးသက္ကရာဇ်၊ လူမျိုး နှင့် ကိုးကွယ်သည့် ဘာသာ၊ ပညာအရည်အချင်းနှင့် အောင်မြင်သည့်ခုနှစ်၊ မိဘအမည်၊ နိုင်ငံသား စိစစ်ရေးကတ်ပြားအမှတ်နှင့် ၎င်းတို့၏ အလုပ်အကိုင်၊ ဝန်ထမ်းဖြစ်လျှင် လက်ရှိရာထူး၊ လစာနှုန်းနှင့် ဌာနအမည်၊ ပြင်ပပုဂ္ဂိုလ်များအတွက် အလုပ်သမားမှတ်ပုံတင်အမှတ်၊ နေ့စွဲနှင့် အလုပ်သမား ရုံးအမည်၊ ဆက်သွယ်ရန်လိပ်စာ၊ ဆက်သွယ်ရန်တယ်လီဖုန်းနံပါတ်၊ အမြဲတမ်းလိပ်စာ အပြည့်အစုံ တို့ကို ဖော်ပြရမည်။

၅။         လျှောက်လွှာနှင့်အတူ အောက်ပါတို့ကို ပူးတွဲပေးပို့ရမည်-

            (က)    ဘွဲ့လက်မှတ်မိတ္တူ(မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)၊

            ( ခ )   အသက်အထောက်အထားအတွက် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ၊

                      (မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)

            ( ဂ )   နိုင်ငံ့ဝန်ထမ်းမဟုတ်သူများအတွက် အကျင့်စာရိတ္တကောင်းမွန်ကြောင်းနှင့် ပြစ်မှု ကင်းရှင်းကြောင်းကို သက်ဆိုင်ရာရပ်ကွက်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ထောက်ခံချက် မူရင်း၊ (လွန်ခဲ့သော(၁)လအတွင်း)

                     (ဝန်ထမ်းများ   အတွက်ကိုယ်တိုင်ဝန်ခံချက်၊ ဌာန ထောက်ခံချက်)

            (ဃ)    နိုင်ငံ့ဝန်ထမ်းမဟုတ်သူများအတွက် အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ၊

            ( င )   ကျန်းမာကြောင်းဆေးထောက်ခံစာ(လွန်ခဲ့သော (၁)ပတ်အတွင်း)၊

            ( စ )   ပတ်စ်ပို့ဓာတ်ပုံ(၃)ပုံ (လွန်ခဲ့သော(၁)လခန့်အတွင်း)။

၆။         သတ်မှတ်အရည်အချင်းနှင့်ပြည့်မီသူများသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)အတွက်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) ရုံးအမှတ်(၃၆)(B)၊ ပြည်ထောင်စု  နယ်မြေ၊ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ကျေးလက်ရုံးများနှင့် ကွပ်ကဲမှုအောက်ရှိ ခရိုင်၊ မြို့နယ်ကျေးလက်ရုံးများအတွက် သက်ဆိုင်ရာကျေးလက်ဦးစီးဌာနရုံးများသို့ (၃၁-၁၂-၂၀၂၅) ရက်နေ့ နောက်ဆုံးထား၍ လျှောက်လွှာပေးပို့ရမည်။

၇။         နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် လျှောက်လွှာ(၁)စောင်ကို မိမိတာဝန်ထမ်းဆောင်ရသည့် ဌာန ထောက်ခံချက်ဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနမှ တစ်ဆင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)၊ နေပြည်တော်သို့ (၃၁-၁၂-၂၀၂၅) ရက်နေ့ နောက်ဆုံးထား၍ အရောက်ပေးပို့ရန်ဖြစ်ပါသည်။

(ကြိုတင်လျှောက်လွှာ(၁)စောင်ကိုရေးဖြေဖြေဆိုမည့်နေရာ၌ သတ်မှတ်လျှောက်လွှာပိတ်ရက်မတိုင်မီ တင်သွင်းရမည်။)

၈။         ရေးဖြေစာမေးပွဲကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ပြုလုပ်မည်ဖြစ်ရာ ဖြေဆိုလိုသည့်တိုင်းဒေသကြီး/ပြည်နယ်အား လျှောက်လွှာတွင် ထင်ရှားစွာဖော်ပြရန်ဖြစ်ပါသည်။ စာမေးပွဲကျင်းပမည့် နေ့ရက်၊ နေရာနှင့်အချိန်တို့ကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးများတွင် ကြိုတင်ကြေညာ ပါမည်။

၉။      အရည်အချင်းသတ်မှတ်ချက်နှင့် မကိုက်ညီသူများ ၊ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်း အချက် အလက် မပြည့်စုံသူများနှင့် သတ်မှတ်ရက်ထက် နောက်ကျရောက်ရှိလာသော လျှောက်လွှာများကို လက်ခံစဉ်းစားမည်မဟုတ်ပါ။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)၊ တယ်လီဖုန်းနံပါတ် ၊ ၀၆၇-၄၁၈၆၀၉၊ ၀၆၇-၄၁၈၆၁၂နှင့် တိုင်း ဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများသို့ ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည်။

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023