ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၁) ကျင်းပ ကြေညာချက်
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၁) ကျင်းပ
Ministry of Transport and Communications/ နေပြည်တော် / March 08, 2021

နေပြည်တော်၊ မတ်လ ၅ ရက်
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၁)ကို ယနေ့ နေ့လယ်ပိုင်းတွင် နေပြည်တော်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မိမိအနေဖြင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူသည့် အချိန်မှစ၍ ကျင်းပခဲ့သည့် ဝန်ကြီးဌာနလုပ်ငန်းညှိနှိုင်း အစည်းအဝေး နှင့် စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးများတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် (၉)ရပ် ချမှတ်၍ နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ဆောင်ရွက်နေမှုများ၊ ရထား၊ ကားနှင့် ရေယာဉ်များ ပြေးဆွဲရေးကိစ္စများ၊ အကြောင်းမဲ့ ပျက်ကွက်လျက်ရှိသည့် ဝန်ထမ်းများ လုပ်ငန်းခွင်သို့ အမြန်ဆုံး ပြန်လည်ဝင်ရောက်ရေး ဆောင်ရွက်ရန်များအား ဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍသည် တိုင်းပြည် ဖွံ့ဖြိုးရေးအတွက် အရေးကြီးသည့်အလျောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ညှိနှိုင်းအစည်းအဝေး (၃/၂၀၂၁)တွင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက အရေးပါသည့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေး၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး၊ ဆက်သွယ်ရေးစနစ်များ ကောင်းမွန်ရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် ပညာသင်ကြားရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ကောင်းမွန်ရေးတို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်းအား လမ်းညွှန်မှာကြားထားကြောင်း ဦးစွာ ပြောကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ ခန့်ထားရေးနှင့် စပ်လျဉ်း၍ နိုင်ငံတော် အပေါ် ကျေးဇူးသစ္စာ စောင့်သိသူများကို ရွေးချယ် ခန့်ထားရန်နှင့် ဝန်ထမ်းများအား ကျောသားရင်သား မခွဲခြားဘဲ ညီညွတ် မျှတစွာဖြင့် အုပ်ချုပ်ရန်၊ နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် ပါတီနိုင်ငံရေး ကင်းရှင်းရန်၊ နိုင်ငံ့ဝန်ထမ်းများ တာဝန်ထမ်းဆောင်မှုအပေါ် နည်းလမ်း အမျိုးမျိုးဖြင့် ခြိမ်းခြောက်လာမှုများကို ဖော်ထုတ်ရန် စသည့် လမ်းညွှန်ချက်များကို ပြောကြားပြီး၊ ဌာနအကြီးအကဲများက တာဝန်ခံမှု၊ တာဝန်ယူမှု အပြည့်ဖြင့် တော်တည့် မှန်ကန်စွာ ကြိုးပမ်း ဆောင်ရွက်ရန်နှင့် တစ်ဖက်ကလည်း ဝန်ထမ်း စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ စိစစ်၍ ပျက်ကွက်သောဝန်ထမ်းများကို အရေးယူ ဆောင်ရွက်သွားရန်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနအကြီးအကဲများနှင့် ညွှန်ကြားရေးမှူးနှင့်အထက် အရာထမ်းများ တက်ရောက်ခဲ့ကြပါသည်။
Newspaper
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Downloadကြေညာချက်
Ministry of Transport and Communications/ နေပြည်တော် / May 07, 2024
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများစာဖတ်နှုန်းမြင့်တက်စေရန် ရည်ရွယ်၍ တစ်ဖက်တစ်လမ်းမှ ပါဝင်ဝန်ဆောင်မှုပေးသည့်အနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသော လူထုအခြေပြုဗဟိုဌာန(စာကြည့်တိုက်)များသို့ စာအုပ်များ ပေးပို့လှူဒါန်းလိုပါက မြန်မာ့စာတိုက်လုပ်ငန်းရှိ စာတိုက်များတွင် (အခမဲ့) ပေးပို့နိုင်ပါကြောင်း ကြေညာအပ်ပါသည်။


