Latest News

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန်ချက်

Ministry of Information / Posted on May 06, 2025

၁။ မတ် ၂၈ ရက်နေ့တွင်ဖြစ်ပေါ်ခဲ့သည့် အင်အားပြင်းမန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ငလျင်ဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်စေရန်ရည်ရွယ်ပြီး တပ်မတော်အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဧပြီ ၂ ရက် မှ ၃၀ ရက်အထိကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်အတွင်းရှိ သစ်စက်၊ သစ်ဆိပ်နှင့် သစ်တောပျိုးဥယျာဉ်များအား ကွင်းဆင်း ကြည့်ရှု စစ်ဆေး

Ministry of Natural Resources & Environmental Conservation / Posted on May 06, 2025

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် မေလ ၅ ရက်နေ့၊ နေ့လယ်ပိုင်းတွင် တာဝန်ရှိသူများလိုက်ပါလျက် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်ရှိ မြန်မာ့သစ်လုပ်ငန်း၊ အမှတ် (၈၉) သစ်စက်သို့ သွားရောက်၍ သစ်စက်အတွင်း သစ်ခွဲသားများ ခွဲစိတ်ဆောင်ရွက်နေမှု အခြေအနေအား လှည့်လည် ကြည့်ရှုစစ်ဆေးသည်။ ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက သစ်စက်သို့ သစ်လုံးများရောက်ရှိထားမှုနှင့် သစ်ခွဲသားများ ခွဲစိတ်ဆောင်ရွက်ပြီးစီးမှု၊ ဖြန့်ဖြူးပြီးစီးမှုနှင့် သစ်ခွဲသားလက်ကျန် ကျန်ရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သစ်မျိုးအလိုက်၊ သစ်ခွဲသားအရွယ်အစားအလိုက် ခွဲစိတ်ဆောင်ရွက်ခြင်းအား စနစ်တကျ ဆောင်ရွက်သွားရန်၊ သစ်အလေအလွင့်အနည်းဆုံးနှင့် ခွဲသားထွက်ရာခိုင်နှုန်း အများဆုံးဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်သွားရန်မှာကြားသည်။

နေ့စဉ်မိုးလေဝသသတင်း (ည ၇ နာရီ) ထုတ်ပြန်ချက်

Ministry of Transport and Communications / Posted on May 06, 2025

နေ့စဉ်မိုးလေဝသသတင်း (ည ၇ နာရီ) ထုတ်ပြန်ချက်

Newspaper

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 06, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 04, 2025

Publication Date: 2025

Page: ၃၂

Language: မြန်မာ

Download

မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအား‌ရောင်းချပေးမည်။


Ministry of Transport and Communications/ Naypyitaw / May 03, 2025
image


ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ်   (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအား   ၂၀၂  ခုနှစ်၊ မေလ (၅) ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ()ရက် (တနင်္လာနေ့) နံနက်(၀၉း၃၀)နာရီ အချိန်မှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီး တို့နှင့် တိုင်းဒေသကြီး / ပြည်နယ် များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည် ဖြစ်ပါသည်။

အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင်  ၂၀၂  ခုနှစ်၊  မေလ (၅)ရက်(တနင်္လာနေ့)တွင်ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲ အမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးသွားမည် ဖြစ်ပါသည်။ တံဆိပ်ခေါင်းများအား တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်များတွင် ဝယ်ယူနိုင်ရန်ဖြန့်ဝေ ထားရှိပြီးဖြစ်ပါသည်။ တံဆိပ်ခေါင်း ဝယ်ယူလိုသူများ အနေဖြင့် -

ဒေါ်ခင်ညိုညိုမြင့်၊ တာဝန်ခံအရာရှိ (နေပြည်တော်ဗဟိုစာတိုက်ကြီး)၊၀၉-၄၄၈၀၀၀၀၉၆

ဦးအောင်စိုး၊ တာဝန်ခံအရာရှိ (ရန်ကုန်စာတိုက်ကြီး)၊၀၉-၄၂၄၀၀၀၄၅၈

ဦးတင်မောင်မြင့်၊ တာဝန်ခံအရာရှိ (မန္တလေးစာတိုက်ကြီး)၊၀၉-၄၂၄၀၀၀၅၁၅ တို့ထံသို့ ဆက်သွယ်မှာယူနိုင်ပါကြောင်း အသိပေး အပ်ပါသည်။

 

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023