ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိ


Ministry of Home Affairs/ Nay Pyi Taw / February 18, 2025
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။


     ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

     ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၆ နာရီ ၄၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ နေပြည်တော် - ရန်ကုန်ကားလမ်း မိုင်တိုင်အမှတ် ၁၆၉ မိုင် ၂ ဖာလုံနှင့် ၃ ဖာလုံ ကြား၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ သာဂရအမြန်လမ်းမကြီးရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ နေပြည်တော်မှ ရန်ကုန်သို့ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်နေ ဦးအောင်ခင်စိုး(၄၃)နှစ် မောင်းနှင်ပြီး တစ်ရပ်ကွက်တည်းနေ ဒေါ်သန္တာဦး(၃၂)နှစ်နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကံအရှေ့ရပ်ကွက်နေ ဦးစိုးကျော်သူ(၄၅)နှစ်တို့ လိုက်ပါလာသည့် YGN-40 9C/XXXX HILUX SURF အမျိုးအစား မော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ ယာဘက်ဘောဂျွိုင်းပြုတ်ကာ လမ်းဘေးဂတ်ဝေးတန်းအား ဝင်ရောက်တိုက်မိ၍ မြေသားလမ်းပေါ်သို့ တိမ်းမှောက်ခဲ့ပြီး ဒေါ်သန္တာဦးနှင့် ဦးစိုးကျော်သူတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် ဦးအောင်ခင်စိုးအား သာဂရအမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၂/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၃၈/၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

Newspaper

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလပြည့်ကျော် ၁ ရက်၊ မတ် ၁၄ ရက် ၊သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 14, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလပြည့်နေ့ ၊ မတ် ၁၃ ရက် ၊ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 13, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၄ ရက်၊ မတ် ၁၂ ရက် ၊ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၆/၂၀၂၅)


Union Civil Service Board/ နေပြည်တော် / February 14, 2025


၁၄-၂-၂၀၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အစည်း‌အဝေးအမှတ်စဉ်(၆/၂၀၂၅)အရ ဝန်ကြီးဌာန(၄)ခုတို့မှ ရာထူးတိုးမြှင့်ခဲ့သည့် ဝန်ထမ်း(၅၀)ဦး စာရင်းအား Download ရယူကြည့်ရှုနိုင်ပါသည်။

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023