Latest News

ရာဂီမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားသော ရေကြီးရေလျှံမှုများကြောင့် ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံကိုယ်စား ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဝန်ကြီးဌာနများနှင့် ကုမ္ပဏီများမှ လူသားချင်းစာနာထောက်ထားမှု အကူအညီများ လွှဲပြောင်းပေးအပ်ပွဲကျင်းပ

Ministry of Information / Posted on November 24, 2024

ရာဂီမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားသော ရေကြီးရေလျှံမှုများကြောင့် ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံကိုယ်စား အရပ်ဘက်ကာကွယ်ရေး၊ အရေးပေါ်အခြေအနေနှင့် သဘာဝဘေးအန္တရာယ်သက်ရောက်မှုများ တိုက်ဖျက်ရေးဆိုင်ရာဝန်ကြီးဌာန၊ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန၊ ရုရှားနိုင်ငံနျူကလီးယားစွမ်းအင်ကော်ပိုရေးရှင်း (Rosatom) နှင့် Aquarius ကုမ္ပဏီများအုပ်စုတို့က လူသားချင်းစာနာထောက်ထားမှုအကူအညီပစ္စည်းများကို ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြင့် လာရောက်ပေးပို့ရာ နေပြည်တော်လေဆိပ်သို့ ယနေ့နံနက်ပိုင်းတွင် ရောက်ရှိခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ကျင်းပခဲ့ရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ မြန်မာ-ရုရှား ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးအောင်သော်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မော်တော်ဆိုင်ကယ်စီးနင်း၍ လမ်းသွားလမ်းလာများထံမှ လက်ကိုင်ဖုန်းများ အကြိမ်ကြိမ်လုယက်မှုကျူးလွန်ခဲ့သူ တရားခံအမျိုးသားတစ်ဦးအား ဖုန်းမျိုးစုံ ၁၅ လုံးနှင့်အတူ ဖမ်းဆီးရမိ

Ministry of Information / Posted on November 24, 2024

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ရပ်ကွက်များအတွင်း၌ မော်တော်ဆိုင်ကယ်စီးနင်း၍ လမ်းသွားလမ်းလာများထံမှ လက်ကိုင်ဖုန်းများအား လုယက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း ဒုစရိုက်မှုကိုမလိုလားသူ တာဝန်သိပြည်သူများ၏ သတင်းပေးပို့တိုင်တန်းချက်များအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက လုယက်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး နယ်မြေအတွင်း သတင်းရယူစုံစမ်းခြင်း၊ အသွင်ယူစောင့်ကြည့်ခြင်းများ ဆောင်ရွက်ခဲ့သည်။

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

Ministry of Information / Posted on November 24, 2024

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။

Newspaper

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 24, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၂၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 23, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၂၁ ရက်၊ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 21, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

အလုပ်လျှောက်လွှာခေါ်ယူခြင်း


Ministry of Ethnic Affairs/ Naypyitaw / November 22, 2024
image


တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ဒုတိယဦးစီးမှူး (၁၆)နှင့် အငယ်တန်းစာရေး(၆)နေရာအတွက်  အလုပ်လျှောက်လွှာခေါ်ယူခြင်း


Download

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023