Latest News

ဒုတိယဝန်ကြီး ဦးဝင်းဖေ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး (နေပြည်တော်-မန္တလေးလမ်းပိုင်း) တိုးဂိတ်များ ကြည့်ရှုစစ်ဆေး

Ministry of Information / Posted on April 27, 2024

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး (နေပြည်တော်-မန္တလေးလမ်းပိုင်း) ရှိ လမ်းအသုံးပြုခ ကောက်ခံလျက်ရှိသော တိုးဂိတ်များဖြစ်ကြသည့် စီလမ်းဆုံတိုးဂိတ်၊ ပန်းတင်မီနီတိုးဂိတ်၊ သီးကုန်းမီနီတိုးဂိတ်၊ သီးကုန်းတိုးဂိတ်၊ ကံကောင်းမီနီတိုးဂိတ်၊ စကားအင်းတိုးဂိတ်၊ တံခွန်တိုင်တိုးဂိတ်များ၏ လမ်းအသုံးပြုခကောက်ခံနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေးမှူး (မြို့ပြ) များနှင့် တိုးဂိတ်တာဝန်ခံများက နေ့စဉ်လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

Ministry of Information / Posted on April 27, 2024

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ပဲခူးတိုင်းဒေသကြီးနယ်မြေရှိ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း ဆောင်ရွက်

Ministry of Information / Posted on April 27, 2024

ပဲခူးတိုင်းဒေသကြီးနယ်မြေရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို ဧပြီ ၂၃ ရက်မှစ၍ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် သနပ်ပင်မြို့နယ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၆၆ ခုမှ ပြည်သူ ၁၉၅ ဦး၊ ကဝမြို့နယ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၀၃ ခုမှ ပြည်သူ ၃၀၅ ဦး စုစုပေါင်း ၅၀၀ တက်ရောက်ပြီး လက်တွေ့စမ်းသပ်မဲပေးလေ့လာကြသည်။

Newspaper

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက်၊ ဧပြီ ၂၇ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 27, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက်၊ ဧပြီ ၂၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 26, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက်၊ ဧပြီ ၂၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 25, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စာအုပ်စာစောင်များ ပေးအပ်ရန် ပြင်ဆင်သတ်မှတ်ချက်ကို အသိပေးကြေညာခြင်း


Ministry of Information/ Naypyitaw / September 27, 2022
image


၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ပုံနှိပ်သူ၊ ထုတ်ဝေသူများသည် မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင် ၆ အုပ် သို့မဟုတ် ၆ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ်ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါ စာအုပ်စာစောင်များကို အမျိုးသားစာကြည့်တိုက်၊ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနနှင့် အမျိုးသားစာပေဆုရွေးချယ်ရေး ကော်မတီများသို့ ခွဲဝေပေးပို့လျက်ရှိပါသည်။ ထို့အပြင် ပေးပို့လာသော ထုတ်ဝေစာများကို ပြက္ခဒိန်နှစ်အလိုက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း ထုတ်ဝေသော စာအုပ်စာတမ်းများ စာရင်းတွင်လည်း ရေးသွင်းထားပြီး နှစ်စဉ်ထုတ်ပြန်လျက်ရှိပါသည်။

ယခုအခါ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ၈-၉-၂၀၂၂ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်၊ ၄၃/၂၀၂၂ ဖြင့် အမျိုးသားစာကြည့်တိုက်နည်းဥပဒေများကို ထုတ်ပြန်ခဲ့ပြီး ယင်းနည်းဥပဒေ ၁၇၊ နည်းဥပဒေခွဲ (က) တွင် “အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ အစိုးရမဟုတ်သော အဖွဲ့အစည်း အပါအဝင် ထုတ်ဝေသူသည် ယင်းတို့ထုတ်ဝေသည့် ပုံနှိပ်နှင့်ပုံနှိပ်မဟုတ်သော စာပေအနုပညာပစ္စည်း တစ်မျိုးစီ၏ ငါးအုပ်၊ ငါးစောင် သို့မဟုတ် ငါးခုကို ထုတ်ဝေသည့်နေ့မှ တစ်လအတွင်း အမျိုးသားစာကြည့်တိုက်သို့ စာပေအနုပညာ ပစ္စည်းပေးပို့ခြင်းပုံစံ (ပုံစံ-၁) ဖြင့် အခမဲ့ပေးပို့ရမည်” ဟုပြဋ္ဌာန်းထားရှိပါသည်။

သို့ပါ၍ ထုတ်ဝေသူများအနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ်ပေးအပ်ရမည့် ထုတ်ဝေစာများကို ၆ အုပ် သို့မဟုတ် ၆ စောင်အစား (၁-၁၀-၂၀၂၂) ရက်နေ့မှစတင်ပြီး ၅ အုပ် သို့မဟုတ် ၅ စောင်ကိုသာ ပေးအပ်ရမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023