Latest News

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

Ministry of Information / Posted on May 19, 2024

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဖောင်းပြင်ဒေသခံ ၆ ဦးကို တပ်စစ်ကြောင်းက သတ်ဖြတ်ကာ ရွာကိုမီးရှို့ခဲ့ကြောင်း မဟုတ်မမှန် သတင်းများကို လှုံ့ဆော်ဝါဒဖြန့်ရေးသားလျက်ရှိ

Ministry of Information / Posted on May 19, 2024

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ အင်းဝိုင်းကျေးရွာတွင် မေလ ၁၇ ရက် နေ့က တပ်မတော်မှ စစ်ကြောင်းထိုးဝင်ရောက်ကာ ၁၃ နှစ်အရွယ် ကလေးတစ်ဦးနှင့် ဒေသခံ ၅ ဦးကို သတ်ဖြတ်သွားပြီး ရွာကိုမီးရှို့ခဲ့သည်ဟု မဟုတ်မမှန် စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်ပေါ်တွင် လှုံ့ဆော်ဝါဒဖြန့် ရေးသားလျက်ရှိသည်ကို တွေ့ရှိရပါသည်။

ရေကြောင်းနှင့်လေကြောင်း လူငယ်မောင်မယ်များ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ စေတီပုထိုးများနှင့် အထင်ကရနေရာများသို့ သွားရောက်လေ့လာ

Ministry of Information / Posted on May 19, 2024

နေပြည်တော်သို့ ရောက်ရှိနေသော ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့် သင်တန်းအမှတ်စဉ် (၁/၂၀၂၄) နှင့် အခြေခံနှင့်တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၄) မှ သင်တန်းသား၊ သင်တန်းသူများနှင့် အုပ်ချုပ်သူနည်းပြများသည် ယနေ့တွင် ပြည်ထောင်စုနယ်မြေနေပြည်တော်ရှိ စေတီပုထိုးများနှင့် အထင်ကရနေရာများသို့ သီးခြားစီ သွားရောက်လေ့လာခဲ့ကြသည်။

Newspaper

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၁၉ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 19, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၁၈ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 18, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၁၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက် အဆောက်အအုံများ လှူဒါန်းနိုင်


Ministry of Information/ Naypyitaw / May 07, 2024
image


နေပြည်တော် မေ ၆

နိုင်ငံတော်အစိုးရက ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရေးနှင့် စာအုပ်စာစောင်များ အလွယ်တကူဖတ်ရှုလေ့လာနိုင်စေရန် နိုင်ငံတစ်ဝန်းဖွင့်လှစ်ထားရှိသည့် စာကြည့်တိုက်များအတွက် ရန်ပုံငွေနှင့်စာအုပ်စာစောင်များ ထောက်ပံ့ကူညီပေးလျက်ရှိသကဲ့သို့ စေတနာရှင်အလှူရှင်များကလည်း ပြည်သူများ အလွယ်တကူ စာပေလေ့လာဖတ်ရှုနိုင်စေရေးနှင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းလျက်ရှိပါသည်။

ယခုအခါ ပြည်သူများ စာပေဖတ်ရှုလေ့လာစေရေးနှင့် စာအုပ်စာစောင်များကို လက်လှမ်းတမီ ထားရှိပေးနိုင်ရေးအတွက် စာကြည့်တိုက်အဆောက်အအုံ လိုအပ်နေသောနေရာများတွင် ဆောက်လုပ်လှူဒါန်းပေးသွားမည်ဖြစ်ရာ “ပညာဒါန” အလှူအဖြစ် လှူဒါန်းလိုပါက ဖော်ပြပါစာကြည့်တိုက် အဆောက်အအုံတစ်ခုလျှင် ကျပ်သိန်း(၁၅၀) ဖြင့် ဆောက်လုပ်လှူဒါန်းနိုင်ပါကြောင်းနှင့် ပေးအပ်လှူဒါန်းလိုပါက အောက်ပါပုဂ္ဂိုလ်များထံ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း အသိပေးဖော်ပြအပ်ပါသည်-

ညွှန်ကြားရေးမှူး(ထုတ်လုပ်)

ပြန်/ဆက် ဦးစီးဌာန

ဖုန်း ၀၁ ၃၇၁၃၄၂ / ၀၆၇၃၄၁၂၃၇၁ /၀၉၄၂၁၀၄၆၇၁၅

ညွှန်ကြားရေးမှူး(ပြန်ဆက်)

ပြန်/ဆက် ဦးစီးဌာန

ဖုန်း ၀၆၇၃၄၁၂၁၆၄

တိုင်းဒေသကြီး/ ပြည်နယ်၊

ခရိုင်၊ မြို့နယ် ပြန်/ဆက်ဦးစီးဌာနရုံးများ

ပြန်ကြားရေးဝန်ကြီးဌာန

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023