Latest News

Innocent Civilians Recklessly Assassinated by So-called PDF Terrorists

Ministry of Home Affairs / Posted on June 30, 2024

In some townships across States and Regions, armed terrorists motivated by a radical ideology...........................

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၃၆/၃)တွင် သစ်ပင်လဲကျမှု

Ministry of Home Affairs / Posted on June 30, 2024

၂၀၂၄ ခုနှစ်၊ ဇွန် ၂၈ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊.............................

၆၆ ကေဗွီ ရပ်စောက်ဓာတ်အားခွဲရုံ၊ အမှတ် (၁) ဇော်ဂျီရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ၆၆ ကေဗွီ ညောင်ရွှေဓာတ်အားခွဲရုံတို့၏ ဓာတ်အားဖြန့်ဖြူးပေးနေမှု ကြည့်ရှုစစ်ဆေး

Ministry of Information / Posted on June 30, 2024

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဌာနမှ တာဝန်ရှိသူများနှင့်အတူ ဇွန် ၂၈ ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးသို့ သွားရောက်၍ ပြည်သူများ၏ ဓာတ်အားသုံးစွဲမှု မှန်ကန်မှုရှိစေရန် မီတာယူနစ်များ လိုဖတ်၊ ပိုဖတ်ခြင်းမရှိစေရေး သတ်မှတ်ကာလအတွင်း မီတာများ မှန်ကန်စွာဖတ်ရှုပြီး မီတာဖတ်မှတ်တမ်း လျှပ်စစ်ပုံစံ (၇၆) တွင် ပြည့်စုံစွာ စာရင်းရေးသွင်းရန်၊ ဓာတ်အားခငွေများ အလွဲသုံးစားမှု မဖြစ်ပေါ်စေရေး နေ့စဉ်ကောက်ခံရရှိငွေစာရင်းနှင့် ဓာတ်အားခတောင်းခံ လွှာလက်ခံဖြတ်ပိုင်းများဖြင့် တိုက်ဆိုင်စစ်ဆေးရန်နှင့် ရပ်၊ ပျက်၊ နှေးမီတာများကို ပုံမှန်ကွင်းဆင်း စစ်ဆေး၍ အမြန်ဆုံးအစားထိုးလဲလှယ်တပ်ဆင်ပေးရန်၊ ပြည်သူများလျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြရန် မှာကြားကာ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ဝန်ထမ်းအိမ်ရာနှင့် ၆၆ ကေဗွီရပ်စောက်ဓာတ်အားခွဲရုံ၏ ဓာတ်အားဖြန့်ဖြူးပေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

Newspaper

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 30, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက် ၊ ဇွန် ၂၉ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ June 29, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက် ၊ ဇွန် ၂၈ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ June 28, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာထုတ်လုပ်ရေးနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများသည် ဘဏ်လုပ်ငန်းများကို မှီခိုအသုံးပြုနေရ၍ နိုင်ငံတကာအဖွဲ့အစည်းများမှ အပြုသဘောဖြင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မှုအပေါ် သတင်းထုတ်ပြန်ချက်


Ministry of Information/ Naypyitaw / June 29, 2024
image


၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၉) ရက်

၁။ မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးနှင့် လယ်ယာကဏ္ဍကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ လယ်ယာထွက်ကုန် ပြည်ပတင်ပို့သည့်လုပ်ငန်းများ၊ လယ်ယာထွက်ကုန်များကို အခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား MSME လုပ်ငန်းများကို အဓိကလုပ်ကိုင်ဆောင်ရွက်နေကာ ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေး၊ ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးတို့ကို တစ်ထောင့်တစ်နေရာမှ အကျိုးပြုနေပါသည်။ တောင်သူလယ်သမားများနှင့် ပုဂ္ဂလိကလယ်ယာစီးပွားရေးလုပ်ငန်းများအားလုံးသည် ဘဏ်လုပ်ငန်းများ၏ လယ်ယာသားငါး ထုတ်လုပ်ရေးအတွက် ချေးငွေများ၊ ကျေးလက်ဖွံ့ဖြိုးရေးချေးငွေများ၊ အသေးစားချေးငွေများအပါအဝင် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ရယူ၍ လုပ်ငန်းများကို ဆောင်ရွက်နေရခြင်းဖြစ်ပါသည်။

၂။ ဆန်စပါးနှင့် စားနပ်ရိက္ခာ ထုတ်လုပ်တင်ပို့ရောင်းချမှုအတွက် နိုင်ငံတကာမှ ဖွံ့ဖြိုးရေးမိတ်ဖက်များ၊ စီးပွားရေးမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်နေရပြီး နိုင်ငံတကာဘဏ်များနှင့် ကုန်သွယ်မှုဆိုင်ရာ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ငွေပေးချေမှုများ၊ ငွေလွှဲမှုများကို နိုင်ငံတကာဘဏ်လုပ်ငန်း စံချိန်စံနှုန်းများ၊ စနစ်များနှင့်အညီ လိုက်နာဆောင်ရွက်နေကြပါသည်။ ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးအပါအဝင် ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် ဆန့်ကျင်သော ငွေကြေးလုပ်ငန်းများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဦးဆောင်မှုဖြင့် ဘဏ်များမှ ထိရောက်စွာ စိစစ်ခြင်း၊ တားမြစ်အရေးယူခြင်းနှင့် လိုက်နာလုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်နေသည်ကိုလည်း တွေ့ရှိရပါသည်။ နိုင်ငံတကာမှ လယ်ယာထွက်ကုန် ဝယ်ယူသူ (Buyer) များ၏ နိုင်ငံတကာဘဏ်များသည်လည်း မြန်မာနိုင်ငံရှိ ဘဏ်များနှင့် နိုင်ငံတကာဘဏ်လုပ်ငန်း၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။

၃။ သို့ဖြစ်၍ မြန်မာနိုင်ငံရှိ ဘဏ်များ၊ မြန်မာနိုင်ငံနှင့် ဘဏ်လုပ်ငန်း ပူးပေါင်းဆောင်ရွက်နေသော နိုင်ငံတကာဘဏ်များကို အရေးယူရန် တောင်းဆို တိုက်တွန်းမှုများသည် ပြည်သူအများစု မှီခိုနေသည့် လယ်ယာကဏ္ဍနှင့် စားနပ်ရိက္ခာဖူလုံမှု၊ စားနပ်ရိက္ခာ ထုတ်လုပ်မှုလုပ်ငန်းများကို ထိခိုက်နစ်နာစေရန် ဦးတည်သကဲ့သို့ဖြစ်ပါမည်။ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ဘဏ်လုပ်ငန်းများ တည်ငြိမ်ကောင်းမွန်ရေးကို ရှေ့ရှုပြီး မှန်ကန်သော မြေပြင်အခြေအနေ၊ တိကျခိုင်လုံသော အချက်အလက်များ၊ လက်တွေ့ဆောင်ရွက်နေမှုအခြေအနေများကို လေ့လာသုံးသပ်လျက် အပြုသဘောဖြင့်သာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်လုပ်ဆောင်သင့်ပါကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ သဘောထားကို ထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023