Latest News

“တိုင်းရင်းသားရေးရာအသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက် တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်ကို ဧရာဝတီတိုင်းဒေသကြီးတွင် ကျင်းပ” ဧရာဝတီ၊ ဇွန် ၂၅

Ministry of Ethnic Affairs / Posted on July 03, 2024

“တိုင်းရင်းသားရေးရာအသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက် တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်ကို ဧရာဝတီတိုင်းဒေသကြီးတွင် ကျင်းပ” ဧရာဝတီ၊ ဇွန် ၂၅

ဗန်းမော်မြို့တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေအမှတ်အထက်သို့ ကျော်လွန်မြင့်တက်လာသဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိ

Ministry of Information / Posted on July 03, 2024

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေအမှတ်အထက်သို့ ကျော်လွန်မြင့်တက်လာသဖြင့် မြေနိမ့်ပိုင်းရပ်ကွက်ကျေးရွာများတွင်နေထိုင်ကြသော ရေဘေးသင့်ပြည်သူများအား ယနေ့နံနက်ပိုင်းက အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှူးဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲရေးမှူးဗိုလ်မှူးချူပ်တင်မင်းလတ်၊ ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဥက္ကဋ္ဌဦးအောင်ဇော်လတ်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ဒုတိယအကြိမ်ဓမ္မပူဇနိယ(တရားအလှူပွဲ) အခမ်းအနား ကျင်းပ

Ministry of Information / Posted on July 03, 2024

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ဗဟိုကကြီးမှူး၍ ဒုတိယအကြိမ် ဓမ္မပူဇနိယ (တရားအလှူပွဲ) အခမ်းအနားကို ဇွန် ၃၀ ရက် ညနေပိုင်းက ရန်ကုန်မြို့ ရန်ကင်းမြို့နယ် မိုဃ်းကောင်းစေတီတော်မြတ်ကြီးဝင်းအတွင်းရှိ အရိယာဓမ္မာရုံတော်ကြီး၌ ကျင်းပရာ ပုသိမ်မြို့ သဲအင်းဂူဝိပဿနာရိပ်သာ (ရေစွမ်း) ဆရာတော် ဘဒ္ဒန္တသီဟ (ကမ္မဌာနာစရိယ) သက်တော်ရှည် ဆရာတော်ကြီးကြွရောက်၍ တပည့်ဒါယကာ ဒါယိကာမများအား တရားရေအေးအမြိုက်ဆေး တိုက်ကျွေးသည်။

Newspaper

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက် ၊ ဇူလိုင် ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ July 02, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက် ၊ ဇူလိုင် ၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ July 01, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက် ၊ ဇူလိုင် ၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ July 01, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ်စဉ် ( ၇ /၂၀၂၄)


Myanmar National Human Rights Commission/ Yangon / July 02, 2024


၁။ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီကို ဖွဲ့စည်းခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့ကို မြန်မာအမျိုးသမီးများနေ့အဖြစ် နိုင်ငံတော်က သတ်မှတ်ခဲ့ပါသည်။ မြန်မာနိုင်ငံရှိလူဦးရေ၏ ထက်ဝက်ကျော်မှာ အမျိုးသမီးများဖြစ်ပြီး နိုင်ငံအတွက် အဖိုးတန်သော လူသားအရင်းအမြစ်များဖြစ်ပါသည်။ အမျိုးသမီးများသည် အမျိုးသားများနှင့် တန်းတူညီမျှ အခွင့်အရေးရှိ‌ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ရေးရာနှင့် ယဉ်ကျေးမှုနယ်ပယ်များတွင် ခွဲခြားဆက်ဆံမှုကင်းစွာ ပါဝင်ဆောင်ရွက်ခွင့်ရှိသူများ ဖြစ်ပါသည်။

၂။ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းတွင် အမျိုးသားနှင့် အမျိုးသမီး တန်းတူအခွင့်အရေး ရှိကြောင်း ဖော်ပြထားရှိသကဲ့သို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) တွင်လည်း အမျိုးသမီးအခွင့်အရေးများခံစားခွင့်ရရှိစေရေး နှင့်စပ်လျဉ်း၍ ပြဋ္ဌာန်း ထားပါသည်။ မြန်မာနိုင်ငံအနေဖြင့် အမျိုးသမီးများ၏ အခွင့်အ‌ရေးများကို လေးစားပြီး အသိအမှတ်ပြုသည့်အားလျော်စွာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စာချုပ်ကြီးတစ်ခု ဖြစ်သော အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့်ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ သဘောတူ စာချုပ် (Convention on the Elimination of All forms of Discrimination Against Women - CEDAW)၏ အဖွဲ့ဝင်နိုင်ငံအဖြစ် ၁၉၉၇ ခုနှစ်က ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး အမျိုးသမီးများ၏ အခွင့်အရေးများကို ဖြည့်ဆည်း ကာကွယ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

၃။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် စပ်လျဉ်း၍ အသိပညာပေးလျက်ရှိရာတွင် ကိုယ်ဝန်ဆောင်မိခင်များ၊ မသန်စွမ်းသူများ၊ အမျိုးသမီးငယ်များ၊ သက်ကြီးရွယ်အိုများအပါအဝင် အမျိုးသမီးများ၏ အခွင့်အရေးများကို ထည့်သွင်းပို့ချ လျက်ရှိပါသည်။ ထို့ပြင် ကော်မရှင်ဥပဒေနှင့်အညီ အမျိုးသမီးများ၏ အခွင့်အရေးနှင့်စပ်လျဉ်းသည့် တိုင်တန်းချက်များ စိစစ်ဆောင်ရွက်ခြင်း၊ အကျဉ်းထောင်၊ အကျဉ်းစခန်း၊ ရဲစခန်းအချုပ်ခန်း၊ တရားရုံးအချုပ်ခန်း၊ ဘိုးဘွားရိပ်သာ၊ အမျိုးသမီးသက်မွေး အတတ်ပညာသင်ကျောင်း၊ အမျိုးသမီး ကလေးများသင်တန်းကျောင်း၊ အမျိုးသမီးဖွံ့ဖြိုး တိုးတက်ရေးဌာနများသို့ သွားရောက်စစ်ဆေး လျက်ရှိပြီး သက်ဆိုင်ရာဌာနများသို့ အကြံပြုချက်များပေးပို့ကာ အမျိုးသမီးအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပါသည်။

၄။ ၂၀၂၄ ခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဆောင်ပုဒ်မှာ “Invest in Women: Accelerate Progress” “အရှိန်အဟုန်ဖြင့်တိုးတက်ရေး အမျိုးသမီးများတွင် မြှုပ်နှံပေး” ဖြစ်ရာ နိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍစုံ၊ နယ်ပယ်စုံတွင် အမျိုးသမီးများ ပါဝင်မှုကို မြှင့်တင် ဖော်ဆောင်ကြပါရန် တိုက်တွန်းလျက် ဇူလိုင်လ (၃) ရက် နေ့တွင် ကျရောက် မည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Download

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023