ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံနေမှုများကို ကြည့်ရှုအားပေး
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံနေမှုများကို ကြည့်ရှုအားပေး
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / May 26, 2026
ဘားအံ - မေ (၂၆)
ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာကို စဉ်ဆက်မပြတ်သင်ယူခွင့်ရရှိစေရေးအတွက် ကျောင်းအပ်နှံ ရေးသီတင်းပတ်ကို မေလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့ထိ သတ်မှတ်၍ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လျက်ရှိရာ မေလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် ဘားအံမြို့ပေါ်ရှိ အခြေခံပညာ ကျောင်းများတွင် ကျောင်းအပ်လက်ခံနေမှုအခြေအနေများကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ကရင်ပြည်နယ်အတွင်း ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းသို့ရောက်ရှိပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်အသီးသီးတွင် ကျောင်းအပ်နှံရေးနေ့အထိမ်းအမှတ် မြေစိုက်ပိုစတာများကို စိုက်ထူခဲ့ကြပြီး ရပ်ကွက်၊ ကျေးရွာ များအထိ လက်ကမ်းစာစောင်များဖြန့်ဝေ၍ ကျောင်းအပ်နှံရေးဆိုင်ရာ သိရှိလိုက်နာရမည့်အကြောင်းအရာများကို အသိပေးစည်းရုံးလှုံ့ဆော်ခဲ့ကြကာ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းသို့ရောက်ရှိစေရေး၊ ကျောင်းထွက်သူ မရှိစေရေး၊ ကလေးတိုင်းပညာသင်ယူခွင့်ရရှိစေရေးတို့ကို ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံများ၊ မိဘပြည်သူများ၊ ပညာရေးဝန်ထမ်းများက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ကျောင်းသား၊ကျောင်းသူများက မိဘအုပ်ထိန်းသူများနှင့်အတူ လာရောက် ကျောင်းအပ်နှံနေမှု၊ ဆရာ၊ဆရာမများက ကျောင်းအပ်လက်ခံပေးနေမှု၊ အခမဲ့ထောက်ပံ့မှုအစီအစဉ်အရ အတန်းစဉ် အလိုက် ကျောင်းသုံးပြဌာန်းစာအုပ်၊ ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ ခဲ့တံ၊ ဘောပင်များ ထောက်ပံ့ပေးနေမှုတို့ကို လိုက်လံ ကြည့်ရှုအားပေး၍ ကျောင်းသား၊ကျောင်းသူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့သည်။
ကရင်ပြည်နယ်အတွင်း ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်း ၁၂၉၆ ကျောင်း ဖွင့်လှစ်ခဲ့ပြီး ယခုနှစ် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင်မူ အခြေခံပညာကျောင်းပေါင်း ၁၃၂၁ ကျောင်းကိုဖွင့်လှစ်သွားမည်ဖြစ်ကာ ကျောင်းများထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ရေး ဒေသအုပ်ချုပ်ရေးအဖွဲ့များ၊ ပညာရေးဌာနမှတာဝန်ရှိသူများက ပေါင်းစပ်ကြိုးပမ်း ဆောင်ရွက်လျက်ရှိကာ Grade-9 ပြီးသော ကျောင်းသား၊ကျောင်းသူများအနေဖြင့် အထက်တန်းအဆင့်တွင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များကို သင်ကြားလိုပါက ဘားအံမြို့တွင် အထက-ဒုံရင်း၊ ကော့ကရိတ်မြို့တွင် အထက (၂)ကော့ကရိတ်ကျောင်းတို့၌ သင်ကြားပေးလျက်ရှိရာ ယခုပညာသင်နှစ်တွင် ထပ်တိုးအနေဖြင့် အထက(၂)မြဝတီတွင် လည်း ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှသိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့ ကျက်သရေဆောင် ကြာအင်းတောင်ခြေ တွင်တည်ဆောက်လျက်ရှိသော သာသနာ့ဝေစည်ဓမ္မဗိမာန်တော်ကြီး ၄ ထပ်အဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးရာ အဆိုပါဗိမာန်တော်ကြီးတွင် ကိန်းဝပ်စံပယ်တော်မူမည့် လောကအတုလမာရ်အောင် မဟာသိရီရံသီ ကြေးသွန်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြပြီး ပန်း၊ ရေချမ်း၊ ဆီမီးများကို ကပ်လှူပူဇော် ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သာသနာ့ဗိမာန်တော်ကြီး (၄)ထပ်ပင်မအဆောက်အဦ ၊ မော်တော်ယာဉ်ရပ်နားရာ(၂)ထပ်ကားပါကင်နှင့်အခြားဆက်စပ်လုပ်ငန်းများကို လိုက်လံကြည့်ရှုစစ်ဆေးရာ တာဝန်ယူ တည်ဆောက်သည့် ရှားမူလာကုမ္ပဏီနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများက ပင်မအဆောက်အဦအမိုးမိုးခြင်းလုပ်ငန်း၊ ယာဉ်ဝင်၊ယာဉ်ထွက်လမ်းလုပ်ငန်း၊ မြေထိန်းနံရံလုပ်ငန်းနှင့် ကျောက်စီရေမြောင်းလုပ်ငန်း၊ ကွန်ကရစ်လုပ်ငန်း စသည့်ဖြင့် သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့် ဆည်းဆောင်ရွက်ပေးကာ ဦးစားပေးဆောင်ရွက်ရမည့်လုပ်ငန်းများအလိုက် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီ ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
အလားတူ အားကစားရေးရာဝန်ကြီးဌာနကကြီးမှူး၍ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ပူးပေါင်းကျင်းပသော တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင် ပွဲ အုပ်စု(က)ဘားအံဇုန် အုပ်စုပတ်လည် ပဥ္စမပွဲစဉ်အနေဖြင့် မေလ ၂၅ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲက ဘားအံမြို့၊ ဇွဲကပင် အားကစားကွင်း၌ ရခိုင်ပြည်နယ်အသင်းနှင့်စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်အစိုးရအဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် ရခိုင်ပြည်နယ်အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့သည် တစ်ဖက်တစ်ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့ပါသည်။



Newspaper
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် ၊ မေ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအစားထိုးပြောင်းလဲ
Ministry of Information / Posted on May 27, 2026
တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအစားထိုးပြောင်းလဲ
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
Ministry of Transport and Communications / Posted on January 31, 2025
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
CrowdStrike Falcon Update နှင့်ပတ်သက်သည့် သတိပေးကြေညာချက်
Ministry of Transport and Communications / Posted on July 19, 2024

