ကရင်ပြည်နယ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များတွေ့ဆုံပွဲကျင်းပ


Ministry of Cooperatives and Rural Development/ Naypyitaw / May 16, 2026
image_latest


ဘားအံ၊ မေ ၁၆

             သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် အသေးစားကုန်ထုတ်လုပ်ငန်းများပေါ်ထွန်းလာစေရေး၊ တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများပေါ်ထွန်းလာစေရေး၊ မိသားစုနှင့်အိုးမကွာအိမ်မကွာဖြင့် ဝင်ငွေတိုးပွားနိုင်‌စေရေးနှင့်‌ ဘေးအန္တရာယ်ကင်းရှင်းပြီးကျန်းမာ‌‌ရေးနှင့် ညီညွှတ်သောစား‌သောက်ကုန်များ ထုတ်လုပ်ရောင်းချနိုင်ရေးအတွက် အသက်မွေးဝမ်းကျောင်းပညာသင်တန်းများကို သင်ကြားပို့ချပေးလျက်ရှိရာ ယနေ့ (၁၆.၅.၂၀၂၆) ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် ဘားအံမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌ အသေးစားမှတ်ပုံတင်ထားရှိသော "အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များတွေ့ဆုံပွဲ" အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့သည်။

            အဆိုပါ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တကွ ပြည်နယ်လွှတ်တော်ဥက္ကဥ၊ ပြည်နယ်လွှတ်တော်ဒုဥက္ကဥ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

           ဆက်လက်ပြီး ကရင်ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာကြူကြူလှိုင်က အဆိုပါတွေ့ဆုံပွဲကျင်းပရခြင်းရည်ရွယ်ချက်၊ ဌာန၏လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။

            ဆက်လက်၍ "ပီတိ"ကရင်ရိုးရာအထည်လုပ်ငန်းရှင်မှ ကရင်ရိုးရာထုတ်ကုန်လုပ်ငန်းနှင့်ပတ်သက်‌သောအတွေ့အကြုံများအား မျှဝေပေးခဲ့ပြီး တစ်ဆက်တည်းမှာပင် "ရသာမေ"စားသောက်ကုန်လုပ်ငန်းရှင်မှ လုပ်ငန်းနှင့်ပတ်သတ်၍အတွေ့အကြုံများအား မျှဝေပေးခဲ့ပါသည်။

            အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဥ၊ လွှတ်တော်ဒုဥက္ကဌ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဌာနမှတာဝန်ရှိသူများနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Newspaper

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 16, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လကွယ်နေ့ ၊ မေ ၁၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 15, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT) အစီအစဉ် အသိပေး နှိုးဆော်ခြင်း

Ministry of Information / Posted on May 14, 2026

ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT)အစီအစဉ် အသိပေးနှိုးဆော်ခြင်း

လူမှုရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ် အသိပေးနှိုးဆော်ခြင်း

Ministry of Information / Posted on May 14, 2026

လူမှုရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ် အသိပေးနှိုးဆော်ခြင်း

အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ်တာဝန် ပေးအပ်ခြင်း

Ministry of Information / Posted on May 14, 2026

အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ပေးအပ်ခြင်း

Video