ကရင်ပြည်နယ်၌(၁၀)နှစ်တာကာလအတွင်း မီးလောင်မှု(၄၃၁)ကြိမ်ဖြစ်ပွားခဲ့ လူထုအတွင်းမီးသတိပြုရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာအသိပညာပေးမှုများကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်


Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / May 05, 2025


ဘားအံ မေ ၅

ကရင်ပြည်နယ်တွင် ၂၀၁၅ ခုနှစ်မှ ၂၀၂၄ ခုနှစ်ထိ (၁၀)နှစ်တာကာလအတွင်း မီးလောင်မှု(၄၃၁)ကြိမ် ဖြစ်ပွား ခဲ့ပြီး ငွေကျပ် (၃၄၁၉ ဒဿမ ၈၆၀) သန်းခန့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း မေလ ၅ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည့် (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားမှသိရသည်။

အဆိုပါအခမ်းအနားတွင် မတ်လ ၂၈ ရက်နေ့ကလှုပ်ခတ်ခဲ့သောမန္တလေးမြေငလျင်ကြီးတွင် အသက်ဆုံးရှုံး သွားသူများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများအတွက် ဝမ်းနည်းကြောင်းအထိမ်းအမှတ်အဖြစ် မတ်တပ်ရပ်၍ တစ်မိနစ်ငြိမ် သက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် နိုင်ငံအသီးသီးတွင် သဘာဝဘေးအန္တရာယ်များ နှစ်စဉ်ပိုမိုများပြားလာသည်ကိုတွေ့ရှိရပြီး မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မီးငြိမ်းသတ် ရေးနှင့်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် နိုင်ငံတော်နှင့်တိုင်းရင်းသားပြည်သူလူထုအကျိုးအတွက် အသက်ကို ပဓာနမထားဘဲ စွန့်လွှတ်စွန့်စားမှုများဖြင့် အကျိုးပြုနေကြသည်ကို လေးစားဂုဏ်ယူဖွယ်မြင်တွေ့ရပါကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ခေတ်စနစ်နှင့်အညီ မီးငြိမ်းသတ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေးဆိုင်ရာပညာရပ်များကို ကျွမ်းကျင်ပိုင်နိုင်မှုရှိအောင် ကြိုးပမ်းလေ့လာထားကြရန်လိုအပ်သကဲ့သို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစိန်ခေါ်မှု အသစ်များကိုရင်ဆိုင်နိုင်ရန် အဆင့်မြင့်ရှာဖွေကယ်ဆယ်ရေးအဖွဲ့များကို ဒေသအလိုက်စုဖွဲ့လေ့ကျင့်ပြီး အသင့်ဆောင် ရွက်ထားကြရန်မှာကြားလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမင်းသူကျော်တို့က စံပြမီးသတ်စခန်းဆုရရှိသည့် ဘားအံမြို့နယ်မီးသတ်စခန်းနှင့် ဌာနတွင်းသင်တန်းများတွင် ထူးချွန်ဆုရရှိကြသူများ အား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြပြီး (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ်အဖြစ် မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ပေးပို့သော Video Clip ကို တက်ရောက်လာသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြ သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အခမ်းအနားသို့တက်ရောက်လာသူများသည် ခင်းကျင်းပြသထားသော မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်ခြင်း၊ အသိပညာပေးခြင်းနှင့်ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်မှု မှတ်တမ်း ဓာတ်ပုံများ၊ ပြည်နယ်အတွင်းမီးလောင်မှုမှတ်တမ်းဓာတ်ပုံများ၊ မီးငြိမ်းသတ်ရေးနှင့် အရေးပေါ်ရှာဖွေကယ်ဆယ်ရေး သုံးပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရ သည်။

အလားတူ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် Sustainabridge အဖွဲ့တို့ပူးပေါင်းဖွင့်လှစ်သည့် ဆောက်လုပ်ရေးသင်တန်းအမှတ်စဉ်(၁၆)၊ လျှပ်စစ်သင်တန်းအမှတ်စဉ်(၁၆)၊ မော်တော် ယာဉ်စက်ပြင်သင်တန်းအမှတ်စဉ်(၁၅)နှင့်ဂဟေသင်တန်းအမှတ်စဉ်(၁၄)တို့၏ သင်တန်းများဖွင့်ပွဲကို ယနေ့နံနက်ပိုင်း က ဘားအံမြို့၊ စက်မှုလက်မှုပညာသင်တန်းကျောင်းခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး Sustainabridge(SB) ဘားအံရုံးမှအစီအစဉ်ညှိနှိုင်းရေးမှူးက သင်တန်းဆိုင်ရာအချက်အလက် များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဆောက်လုပ်ရေး၊ လျှပ်စစ်၊ မော်တော်ယာဉ် စက်ပြင်နှင့်ဂဟေသင်တန်းများကိုတက်ရောက်ကြမည့် သင်တန်းသား ၆၀ ဦးအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက် ၍ အားပေးစကားများပြောကြားခဲ့ပါသည်။

Newspaper

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 07, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 06, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအား‌ရောင်းချပေးမည်။

Ministry of Transport and Communications / Posted on May 03, 2025

မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအား‌ရောင်းချပေးမည်။

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၃/၂၀၂၅)

Union Civil Service Board / Posted on May 02, 2025

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၄/၂၀၂၅)

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023