ကရင်သက္ကရာဇ် ၂၇၆၄ ခုနှစ်ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထက်ပိုင်ကျုံကွန်ကရစ်လမ်းသစ်ဖွင့်
ကရင်သက္ကရာဇ် ၂၇၆၄ ခုနှစ်ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထက်ပိုင်ကျုံကွန်ကရစ်လမ်းသစ်ဖွင့်
Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ / December 27, 2024
ဘားအံ ဒီဇင်ဘာ ၂၇
ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ကျရောက်မည့် ကရင်သက္ကရာဇ် ၂၇၆၄ ခုနှစ်ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထက်ပိုင်ကျုံကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းက အဆိုပါလမ်းသစ် မုခ်ဦးတည်နေရာ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်အစိုးရအဖွဲ့ဝင်များ၊ တပ်မတော် နှင့်ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်အမျိုးသားအစည်းအရုံး-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ)KNU-KNLA(PC)၊ ကရင်ပြည်နယ်နယ်ခြားစောင့်တပ်(BGF)တို့မှကိုယ်စားလှယ်များ ဒေသခံ တိုင်းရင်းသားပြည်သူများ တက်ရောက်ဖွင့်လှစ်ပေးကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် လှိုင်းဘွဲမြို့ အဝင်၌ ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် ဖိတ်ခေါ်စက်ဘီးပြိုင်ပွဲကို သေနတ်ပစ်ဖော်တာလွှတ်ပေးခဲ့ပြီး အဆိုပါ ပြိုင်ပွဲကို အမျိုးသမီးအလွတ်တန်းပြိုင်ပွဲ၊ အမျိုးသားအသက်(၄၀)အထက်ပြိုင်ပွဲ၊ အမျိုးသားအသက်(၄၀)အောက်ပြိုင် ပွဲ ဟူ၍ အတန်း(၃)တန်းခွဲ၍ ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်စုစုပေါင်း ၁၀၅ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ကရင်သက္ကရာဇ် ၂၇၆၄ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့အထက်ပိုင်ကျုံကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများက ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လမ်းဖွင့်ပွဲတွင်ပါဝင် အားဖြည့်ကူညီပေးကြသော ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ကာ လမ်းအားဖြတ်သန်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် လမ်းဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အထက်ပိုင်ကျုံလမ်းသည် အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်နှင့်ပိုင်ကျုံ-ထီလုံ-တာပေါင်-ပတ-နဘူလမ်းကို ဆက်သွယ်ထားသောလမ်းမကြီးဖြစ်သည့်အပြင် ထန်းတပင်ကျေးရွာနှင့်ပိုင်ကျုံမြို့ကို ဆက်သွယ်ထားသည့်ကျေးရွာ ချင်းဆက်လမ်းဖြစ်သည့်အတွက် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော ကွန်ယက်လမ်းတစ်လမ်းဖြစ်ပြီး လမ်းရေရှည်တည်တံကြံခိုင်ရေး ဒေသခံများမှ ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ပေးကြ ရန် တိုက်တွန်းပြောကြားပြီး KNU ဘားအံခရိုင်ဥက္ကဋ္ဌ ပဒိုစောအောင်မော်ဧက အမှာစကားပြောကြားကာ ဒေသခံ ပြည်သူတစ်ဦးကကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။
Newspaper
၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၂၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 28, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 26, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 26, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
DownloadAnnouncement
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) တက္ကသိုလ်ဝင်ခွင့်ရရှိသူများစာရင်း (နောက်ဆက်တွဲ) စာရင်းကြေညာခြင်း
Ministry of Cooperatives and Rural Development / Posted on December 24, 2024
အခွန်အယူခံခုံအဖွဲ့ရုံးတွင် လစ်လပ်လျက်ရှိသည့် အငယ်တန်းစာရေးရာထူးနေရာ ခန့်ထားနိုင်ရေးအတွက် လျှောက်လွှာခေါ်ယူခြင်း
Revenue Appellate Tribunal / Posted on December 24, 2024
အငယ်တန်းစာရေးရာထူးနေရာအတွက် အတည်ပြုခန့်ထားသူစာရင်း ထုတ်ပြန်ကြေညာခြင်း
Revenue Appellate Tribunal / Posted on December 24, 2024
အငယ်တန်းစာရေးရာထူးနေရာအတွက် အတည်ပြုခန့်ထားသူစာရင်း ထုတ်ပြန်ကြေညာခြင်း