ကော့သောင်းမြို့နယ်၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပပြုလုပ်
ကော့သောင်းမြို့နယ်၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပပြုလုပ်
Ministry of Cooperatives and Rural Development/ Naypyitaw / December 10, 2025
ကော့သောင်းမြို့နယ်၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပပြုလုပ်
*********************************
ဇာဒက်ကြီး ဒီဇင်ဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ တနိုင်တပိုင်အသေးစားစီးပွားရေးလုပ်ငန်းများဆောင်ရွက်ရန် ငွေကြေးအရင်းအနှီးရရှိပြီး မိသားစုစားဝတ်နေရေးကို အထောက်အကူပြုနိုင်ရန်အတွက် မြစိမ်းရောင် စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၉ ရက်နေ့နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူး(နည်းပညာ) ဒေါ်စိုးစိုးသီက မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူး များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူး ဒေါ်မြယမုံဖူးက စီမံကိန်းလက်စွဲစာစောင်ပါ အသင်းသူ/သားများ လိုက်နာရန်စည်းကမ်းချက်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ နည်းဥပဒေနှင့် ကျေးလက်နေပြည်သူများ၏ တာဝန်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ)နှင့် တာဝန်ရှိသူများက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဆောင်ရွက်မည့် ဇာဒက်ကြီးကျေးရွာမှ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ ထံသို့ စီမံကိန်းရန်ပုံငွေကျပ်သိန်းသုံးရာကို လွှဲပြောင်းပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဇာဒက်ကြီး ကျေးရွာမှ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း ကော့သောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Newspaper
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 09, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 08, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 07, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
DownloadAnnouncement
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ရုံးသုံးစက်ပစ္စည်းကိရိယာများ ဝယ်ယူရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
Ministry of Hotel & Tourism / Posted on December 10, 2025
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မြန်မာအားကစားအဖွဲ့ နေ့ရက်အလိုက် ပြိုင်ပွဲရလဒ်များနှင့် ပွဲစဉ်များ (၉/၁၀-၁၂-၂၀၂၅)
Ministry of Sports and Youth Affairs / Posted on December 10, 2025
Myanmar National Human Rights Commission Statement No. (17/ 2025)
Myanmar National Human Rights Commission / Posted on December 10, 2025
