ကျောက်တံခါးမြို့နယ် ထောက်ကြံ့ကျေးရွာ၌ ကုန် ထုတ်လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက် ပြီးစီးမှုစစ်ဆေး
ကျောက်တံခါးမြို့နယ် ထောက်ကြံ့ကျေးရွာ၌ ကုန် ထုတ်လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက် ပြီးစီးမှုစစ်ဆေး
Ministry of Cooperatives and Rural Development/ Naypyitaw / June 04, 2026
ကျောက်တံခါးမြို့နယ် ထောက်ကြံ့ကျေးရွာ၌ ကုန် ထုတ်လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက် ပြီးစီးမှုစစ်ဆေး
=====================================
ကျောက်တံခါး၊ ဇွန်-၄
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာ န၊ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ရက် ၁၀၀ စီမံချက်ဖြင့် ကံကလေးကျေးရွာအုပ်စု၊ ထောက်ကြံ့ကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးနေမှု အခြေအနေများကို တာဝန်ရှိသူများမှ ယနေ့နံနက် ပိုင်းအချိန်က ကွင်းဆင်းစစ်ဆေးကြကြောင်းသိရ သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျောက်တံခါး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ပိုးအိဖြူကိုနှင့် ဝန်ထမ်း များမှ ကျေးရွာကုန်ထုတ်လမ်းဖြစ်မြောက်ရေး ကော်မတီဝင်များနှင့်အတူ ထောက်ကြံ့ကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းကွန်ကရစ်ခင်းခြင်းလုပ် ငန်းဆောင်ရွက်ပြီးစီးနေမှုအခြေအနေများကိုကြည့်ရှု့စစ်ဆေးကြပြီးနောက် မြို့နယ်ဦးစီးမှူးက ကျေးရွာတာဝန်ရှိသူများ၊ ကျေးရွာကုန်ထုတ်လမ်း ဖြစ်မြောက်ရေးကော်မတီဝင်များနှင့်တွေ့ဆုံကာ ဆောင်ရွက်ပြီးကုန်ထုတ်လမ်းသစ်အားအကျိုးရှိစွာအသုံးပြုကြရန်နှင့် ရေရှည်အသုံးပြုနိုင်ရေးသက်ဆိုင်သူအားလုံးက ဝိုင်းဝန်းထိန်းသိမ်းပေးကြရန်လမ်းညွှန်မှကြားခဲ့ကြောင်းသိရသည်။
ကျောက်တံခါးမြို့နယ် ထောက်ကြံ့ကျေးရွာ၌ အရှည် ၁၃၂၀ ပေ၊ အကျယ် ၈ ပေ ၊ အမြင့် ၆ လက်မရှိသော ကျေးလက်ကုန်ထုတ်လမ်းကွန်က ရစ်ခင်းခြင်းလုပ်ငန်းကို တိုင်းဒေသကြီးရန်ပုံငွေ ကျပ် ၆၃ ဒဿမ ၂၅ သန်းအသုံးပြုပြီး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာဝန်ထမ်းများမှ တာဝန်ယူ၍ ၂၀၂၆ ခုနှစ် ဧပြီလ ၂၀ ရက်နေ့မှစတင်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ဆောင် ရွက်ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများ အားလုံးရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက ထောက်ကြံ့ကျေးရွာရှိ အိမ်ခြေ ၅၂ အိမ်မှ လူဦး ရေ ၄၀၅ ဦးတို့၏ သွားလာရေးလွယ်ကူပြီး လယ် ယာထွက်ကုန်သီးနှံများဈေးကွက်သို့ အချိန်မီတင် ပို့နိုင်မည်ဖြစ်ကြောင်း ကျောက်တံခါးမြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်ပိုးအိဖြူကိုထံမှ သိရသည်။
ကိုညို(ကျေးလက်)
Newspaper
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက် ၊ ဇွန် ၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 04, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက် ၊ ဇွန် ၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ June 03, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက် ၊ ဇွန် ၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ June 02, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) နှုတ်ဖြေစာမေးပွဲ ဖြေဆိုရန် အသိပေးကြေညာချက်
Ministry of Cooperatives and Rural Development / Posted on May 26, 2026
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် နှင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အတွက် ကျောင်းစတင်ဖွင့်လှစ်မည့်ရက်၊ ကျောင်းအပ်လက်ခံမည့်ရက်(သတင်းပို့ရမည့်ရက်) များအား ကြေညာခြင်း
Ministry of Cooperatives and Rural Development / Posted on May 21, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ အိန္ဒိယနိုင်ငံ တရားဝင်ခရီးစဉ်အတွင်း မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ပူးတွဲကြေညာချက်
Ministry of Information / Posted on June 02, 2026
၁။ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက် အထိ အိန္ဒိယနိုင်ငံသို့ ပထမဆုံးတရားဝင်ခရီးစဉ် သွားရောက်ခဲ့သည်။

