ခရီးသည်နှင့် ကုန်စည်ပို့ဆောင်မှု ရထားပို့ဆောင်ရေးဖြင့် အကျိုးပြု
ခရီးသည်နှင့် ကုန်စည်ပို့ဆောင်မှု ရထားပို့ဆောင်ရေးဖြင့် အကျိုးပြု
Ministry of Information/ Naypyitaw / May 16, 2026
မြန်မာနိုင်ငံတွင် ခရီးသည်နှင့်ကုန်စည်ပို့ဆောင်ရေးကဏ္ဍ၌ အစောဆုံး၊ အများဆုံး၊ အသက်သာဆုံး သယ်ယူပို့ဆောင်ရေးကဏ္ဍတစ်ခုမှာ ရထားပို့ဆောင်ရေးလုပ်ငန်းဖြစ်သည်။ ရထားပို့ဆောင်ရေးကို ၁၈၇၇ ခုနှစ်တွင် ရန်ကုန်-ပြည် ရထားလမ်းပိုင်းကို စတင်ဖွင့်လှစ်ပြေးဆွဲခဲ့ပြီး အရှေ့တောင်အာရှတွင် အစောဆုံးရထားပို့ဆောင်ရေးစနစ် အကောင်အထည်ဖော်နိုင်ခဲ့သည်။ နှစ်ပေါင်းတစ်ရာကျော်ကာလအတွင်း ရထားပို့ဆောင်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာခဲ့ရာ ယခုအခါ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်နေသည်ကို တွေ့ရသည်။
မြန်မာ့မီးရထားကဏ္ဍတွင် ဧကလမ်း ၃၄၈၃ မိုင်၊ ဒွေးလမ်း ၃၈၅ မိုင် စုစုပေါင်း ရထားလမ်းမိုင် ၃၈၆၈ မိုင်ဖြင့် တစ်နိုင်ငံလုံးဖြန့်ကြက်ထားသည်။ ရထားပို့ဆောင်ရေးသည် ခရီးသွားပြည်သူများအကျိုးကို ဖော်ဆောင်ပေးနိုင်သကဲ့သို့ ကုန်စည်စီးဆင်းမှုလွယ်ကူချောမွေ့စေရေးနှင့် နိုင်ငံတော်အတွက်လည်း အကျိုးရှိအောင် ဖော်ဆောင်ပေးနေသည့်လုပ်ငန်းဖြစ်သည်။ ခေတ်နှင့်အညီ ရထားပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရထားလမ်းများ အဆင့်မြှင့်တင်ခြင်းနှင့်အတူ ရထားဘူတာရုံနှင့် စင်္ကြံများ၊ ရထားလမ်းကူးများ၊ ရထားတံတားများ၊ ရထားစက်ခေါင်းနှင့် တွဲဆိုင်းများအပြင် အခြားဖြစ်နိုင်ဖွယ်ရှိသည်များကို လေ့လာတွက်ချက်၍ စနစ်တကျအဆင့်မြှင့်တင်သွားရမည်ဖြစ်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မေ ၁၄ ရက်က နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်ရှိ မြန်မာ့မီးရထားစက်မှုနှင့် လျှပ်စစ်အင်ဂျင်နီယာဌာန စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေး စက်ရုံ (နေပြည်တော်) သို့ သွားရောက်စစ်ဆေးစဉ် “ရထားပို့ဆောင်ရေးကို ပြည်သူများ ယုံကြည်စိတ်ချစွာဖြင့် အပြည့်အဝအားကိုး အသုံးပြုနိုင်ရေးအတွက် မိမိတို့အနေဖြင့် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများအရ လောင်စာဆီအခက်အခဲများကို ကြုံတွေ့လျက်ရှိကြောင်း၊ ထိုသို့ ကြုံတွေ့နေရသည့်အချိန်တွင် မိမိတို့အနေဖြင့် အများပြည်သူသုံးသယ်ယူပို့ဆောင်ရေး Public Transportation ကို ကောင်းမွန်အောင် ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
လက်ရှိတွင် မြန်မာနိုင်ငံရှိ ရထားလမ်းများအနေဖြင့် သတ်မှတ်အရည်အသွေးများနှင့် အဆင့်မီမှုအားနည်းနေသေးသည်ကို တွေ့ရမည်ဖြစ်သည်။ ရထားလမ်းများ အရည်အသွေးနှင့်အဆင့်မီမှုရှိမှသာ ရထားများကို အဆင့်မြှင့်တင်မြန်နှုန်းမြင့် မောင်းနှင်အသုံးပြုနိုင်မည်ဖြစ်သည်။ ရထားစက်ခေါင်းများ၊ ရထားတွဲများ မည်မျှပင်ကောင်းမွန်သည်ဖြစ်စေ ရထားလမ်းများ ကောင်းမွန်မှုမရှိပါက ရထားသယ်ယူပို့ဆောင်ရေးကို ထိရောက်စွာဆောင်ရွက်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် နိုင်ငံတော်အကြီးအကဲက ရထားလမ်းများ အဆင့်မြှင့်တင်ရေးအတွက် ပြုပြင်ပြောင်းလဲမှု များစွာဆောင်ရွက်ပေးနေသည်ကို တွေ့ရမည်ဖြစ်သည်။
ရထားလမ်းများ အဆင့်မြှင့်တင်ခြင်းနှင့်အတူ ရထားဘူတာရုံစင်္ကြံများ၊ ရထားလမ်းကူးများ၊ တံတားများ စသည့်ဖြစ်နိုင်ဖွယ်ရာများကို လေ့လာတွက်ချက်ဆောင်ရွက်လျက်ရှိသည်။ အဓိကကျသည့်ဘူတာရုံများကို ကြိုတင်ပြင်ဆင်ပြီး ကျန်ရှိသည့် ဘူတာရုံငယ်များကို ဆက်လက်ပြင်ဆင်ဆောင်ရွက်သွားရန်လိုသည်။ ရထားတွဲများ နှင့်ပတ်သက်၍ မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် စံနှုန်းတစ်ခုသတ်မှတ်သွားရန်လိုပြီး နောင်တွင် ပုဂ္ဂလိကမီးရထားလုပ်ငန်းများ ပေါ်ပေါက်လာပါက ချမှတ်ထားသည့် စံနှုန်းသတ်မှတ်ချက်များနှင့်အညီဖြစ်ရန် ပြင်ဆင်ဆောင်ရွက်ထားရမည်ဖြစ်သည်။ မီးရထားဝန်ထမ်းများအနေဖြင့် စနစ်တကျဝန်ဆောင်မှုပေးရန်လိုပြီး မီးရထားစီးခရီးသွားများအား စည်းကမ်းစနစ်တကျ လိုက်ပါစီးနင်းစေရေးအသိပညာပေးခြင်း၊ ကြပ်မတ်ထိန်းကျောင်းပေးခြင်း၊ အဆင့်အတန်းရှိစွာစီးနင်းနိုင်ရေး ကူညီဆောင်ရွက်ပေးခြင်းတို့ကို ပြုလုပ်ကြရမည်ဖြစ်သည်။
ရထားခေါင်းတွဲများနှင့်ပတ်သက်၍ ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်အတွင်း DEMU ခေတ်မီလေအိတ်ရထားများ ဝယ်ယူပြေးဆွဲပေးလျက်ရှိပြီး ဆက်လက်၍ BEL ဘက်ထရီလျှပ်စစ်စက်ခေါင်းနှင့် BEMU ဘက်ထရီလျှပ်စစ်ရထားတွဲများ တည်ဆောက်ထုတ်လုပ်ပြီး ပြေးဆွဲနိုင်အောင် ဆောင်ရွက်လျက်ရှိသည်။ ခေတ်မီရထားစက်ခေါင်းနှင့် တွဲဆိုင်းများဝယ်ယူခြင်း၊ တည်ဆောက်ခြင်းများ ပြုလုပ်လျက်ရှိသလို ယခင်ပြေးဆွဲခဲ့သည့် ရှေးဟောင်းရေနွေးငွေ့စက်ခေါင်းများကို ပြန်လည်ပြုပြင်မွမ်းမံထားပြီး ဒီဇယ်စက်ခေါင်းများကိုလည်း အသင့်ပြင်ဆင်ဆောင်ရွက်ထားသည်။ ရထားလုပ်ငန်းကို ခရီးသည်သယ်ယူပို့ဆောင်ရေးနှင့် ကုန်စည်ပို့ဆောင်ရေးအတွက် မြှင့်တင်ဆောင်ရွက်ပြီး ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးကို အထောက် အကူပြုရန် ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ရာ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှုဖြင့် ရထားသယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို တစ်ခေတ်ဆန်းသစ်ရာတွင် ရထားစက်ခေါင်းများ၊ တွဲဆိုင်းများ၊ ရထားလမ်းများ၊ တံတားများ၊ စင်္ကြံဘူတာများ၊ လူကူးဂိတ်၊ တံတားများမှအစ အစစ အရာရာ ပြည့်စုံကောင်းမွန်အောင် ဘက်စုံအဆင့်မြှင့်တင်ပြီး နိုင်ငံတစ်ဝန်း ခရီးသည်နှင့် ကုန်စည်များ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအပြင် ခရီးသွားလုပ်ငန်းအဆင့်မြှင့်တင်နိုင်ရေးကိုပါ တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။
Newspaper
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 16, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လကွယ်နေ့ ၊ မေ ၁၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 15, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 14, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT) အစီအစဉ် အသိပေး နှိုးဆော်ခြင်း
Ministry of Information / Posted on May 14, 2026
ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT)အစီအစဉ် အသိပေးနှိုးဆော်ခြင်း
လူမှုရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ် အသိပေးနှိုးဆော်ခြင်း
Ministry of Information / Posted on May 14, 2026
လူမှုရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ် အသိပေးနှိုးဆော်ခြင်း
အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ်တာဝန် ပေးအပ်ခြင်း
Ministry of Information / Posted on May 14, 2026
အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ပေးအပ်ခြင်း
