ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ Container House များတွင် ပြောင်းရွှေ့နေရာချထားမှု ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ကြည့်ရှုစစ်ဆေး
ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ Container House များတွင် ပြောင်းရွှေ့နေရာချထားမှု ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ကြည့်ရှုစစ်ဆေး
Ministry of Religious Affairs & Culture/ Naypyitaw / July 31, 2025

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ၂၉-၇-၂၀၂၅ ရက်နေ့၊ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ ယာယီနေထိုင်နိုင်ရန် စီစဉ်ဆောင်ရွက်ထားသည့် Container House များတွင် ပြောင်းရွှေ့နေရာချထားမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ယာယီနေထိုင်ရန် စီစဉ်ဆောင်ရွက် ထားသည့် ရွှေအင်ကြင်းရိပ်သာ၊ ရွှေတမာရိပ်သာနှင့် ရွှေညောင်ပင်ရိပ်သာတို့ရှိ Container House များ၊ အမျိုးသားပြတိုက်(နေပြည်တော်)ရှိ Container House များ၊ ရန်အောင်မြင်ရွှေလက်လှစေတီတော်ပရိဝုဏ်ရှိ Container House များနှင့် သဒ္ဓမ္မဝေပုလ္လကျောင်းတိုက်ရှိ Container House များတွင် ဝန်ကြီးရုံးနှင့် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုများ ပြောင်းရွှေ့ နေထိုင်မှုအခြေအနေကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကိုမှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အမျိုးသားပြတိုက်နှင့် အမျိုးသားစာကြည့်တိုက်တို့ ပြုပြင်မွမ်းမံဆောင်ရွက်နေမှုနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှု စစ်ဆေးပြီး ပြုပြင်ထိန်းသိမ်းခြင်းများကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရေး၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အရည်အသွေးစိစစ်ရေးအဖွဲ့(QC) စစ်ဆေးတွေ့ရှိချက်များအတိုင်း လိုက်နာဆောင်ရွက်ရေး၊ သတ်မှတ်အချိန်အတွင်း ပြီးစီးရေးတို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း ဖော်ပြ အပ်ပါသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
Newspaper

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၈ ရက် ၊ သြဂုတ် ၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ August 01, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက် ၊ ဇူလိုင် ၃၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ July 31, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၆ ရက် ၊ ဇူလိုင် ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Announcement
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း
Ministry of Sports and Youth Affairs / Posted on August 01, 2025
ခရိုင်နှင့် မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း
Ministry of Information / Posted on July 31, 2025
ခရိုင်နှင့် မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း
စည်ပင်သာယာရေးကော်မတီများ ဖွဲ့စည်းခန့်အပ်တာဝန်ပေးခြင်း
Ministry of Information / Posted on July 31, 2025
စည်ပင်သာယာရေးကော်မတီများ ဖွဲ့စည်းခန့်အပ်တာဝန်ပေးခြင်း