စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်အောင်မြင်ရေးအတွက် မျိုးကောင်းမျိုးသန့်သုံးစွဲနိုင်ရေးနှင့် ခေတ်မီနည်းပညာများပြောင်းလဲအသုံးပြုရန်လိုအပ်


Ministry of Information/ Naypyitaw / January 04, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၃

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့ ညနေပိုင်းတွင် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် လယ်ယာကဏ္ဍ ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ တာဝန်ရှိသူများက ပြည်နယ်၏ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှုနှင့် သီးထပ်သီးနှံများတိုးချဲ့စိုက်ပျိုးရေး၊ စိုက်ပျိုးမွေးမြူရေးအခြေခံ ကုန်ထုတ်လုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မျိုးကောင်းမျိုးသန့် သုံးစွဲမှုလွှမ်းခြုံနိုင်ရေး၊ သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ဈေးကွက်ဝင် အရည်အသွေးကောင်းသီးနှံများ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် နည်းပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် တောင်သူများအားလုံး တညီတညွတ်တည်း လိုက်ပါဆောင်ရွက်လာကြစေရန် ပညာရှင်များအပိုင်းက ပိုမိုအားစိုက်ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ တောင်သူသဘောပေါက်နားလည်မှု လွယ်ကူစေမည့် ရှင်းလင်းဆွေးနွေးမှုစနစ်ကိုအသုံးပြုပြီး မိမိတို့ဝန်ဆောင်မှုပေးလျက်ရှိသည့် နည်းပညာပြန့်ပွားရေးလုပ်ငန်းများအောင်မြင်အောင် ကြိုးပမ်းကြစေလိုကြောင်း။

အလားတူ နိုင်ငံတော်၏ လယ်ယာကဏ္ဍဆိုင်ရာ မူဝါဒများချမှတ်ခြင်းနှင့် စီမံကိန်းလုပ်ငန်းများ စီမံဆောင်ရွက်ခြင်းအတွက် အရေးပါသည့်ကိန်းဂဏန်း စာရင်းဇယားများ တိကျမှန်ကန်ရေးကို အလေးထားဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ဒေသအလိုက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သော်လည်း မိမိဒေသရေမြေရာသီဥတုနှင့် တောင်သူများ၏ စိုက်ပျိုးမွေးမြူမှုစွမ်းအားအရ ထုတ်လုပ်မှုအနည်း၊ အများဖြစ်ပေါ်မှုကို မြေပြင်အမှန်အတိုင်း ကိန်းဂဏန်းစာရင်းဇယားများ ပြုစုဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ(ဟဲဟိုး) သင်တန်းခန်းမ၌ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ(ဟဲဟိုးနှင့် ဒီးမော့ဆို) ကျောင်းများ၏ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် ကျောင်းသား ကျောင်းသူများကို တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်က အားကိုးအားထားပြုရသည့် ထူးချွန်ထက်မြက်သော လူသားအရင်းအမြစ်များဖြစ်စေရေး၊ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်စေရေးနှင့် နိုင်ငံတော်၏ စိုက်ပျိုးရေး မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် မိမိတို့သင်ယူတတ်မြောက်ထားသည့် ပညာရပ်များကို အကျိုးရှိစွာအသုံးချပြီး ခေတ်မီစိုက်ပျိုးရေး၊ မွေးမြူရေးနည်းပညာများကို တောင်သူလက်ဝယ်အရောက် ဆင့်ပွားပေးနိုင်ရေး ကြိုးပမ်းသွားကြရန်လိုကြောင်းပြောကြားပြီး ကျောင်းသား ကျောင်းသူများ စိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက်စိုက်ခင်းများကို ကြည့်ရှုအားပေးသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် အင်းခေါင်းဆည်(ဟဲဟိုးကန်)၏ ဝင်ရေသိုလှောင်ထားရှိမှု၊ ကန်အတွင်းနုန်းဆယ်နေမှုနှင့် ဒေသအတွက် စိုက်ပျိုးရေအကျိုးပြုနေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ လုပ်ငန်းဆောင်ရွက်ချက်တင်ပြမှုများအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၃ ရက် ၊ ဇန်နဝါရီ ၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 05, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၄ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 04, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၃ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 03, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာ

Ministry of Information / Posted on January 05, 2026

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာ

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023