စီးပွားရေးလုပ်ငန်းရှင်အသင်းများမှ တာဝန်ရှိသူများ၏ နှစ်သစ်မင်္ဂလာ ဆုတောင်းစကားသံများ
စီးပွားရေးလုပ်ငန်းရှင်အသင်းများမှ တာဝန်ရှိသူများ၏ နှစ်သစ်မင်္ဂလာ ဆုတောင်းစကားသံများ
Ministry of Information/ Naypyitaw / April 17, 2026
ဦးကံညွန့်(ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ MSME Cluster ဖိနပ်လုပ်ငန်းရှင်များဗဟိုအဖွဲ့ချုပ်)
မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် မြန်မာနှစ်သစ်ကူးအခါသမယမှာ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းရှိ မြန်မာနိုင်ငံသူနိုင်ငံသားများနှင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံးကို မင်္ဂလာနှစ်သစ်ဖြစ်ပါစေလို့ ဦးစွာမေတ္တာပို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ။
ပြည်သူ့ကိုယ်စား ကျွန်တော်တို့ အခုမြန်မာနိုင်ငံတစ်ဝန်းလုံး မဲပေးခဲ့ကြလို့ ကျွန်တော်တို့တိုင်းပြည်မှာ ပြည်သူ့အကျိုးသယ်ပိုးကြမည့် လွှတ်တော်အသီးသီးလည်းပေါ်ပေါက်လို့လာခဲ့ပါပြီ။ ပြည်ထောင်စုလွှတ်တော်က ရွေးချယ်ပေးလိုက်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ သမ္မတကြီး ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ ဒီမိုကရေစီအစိုးရအဖွဲ့ကြီးလည်းပေါ်ပေါက်လို့ လာခဲ့တဲ့အတွက် လှိုက်လှိုက်လှဲလှဲ ဝမ်းသာအားရပျော်ရွှင်ရပြီး ယခုပြည်သူက ရွေးချယ်လိုက်သော ပြည်သူ့အစိုးရအဖွဲ့နှင့်ပူးပေါင်း၍ ကျွန်တော်တို့ MSME အသေးစား၊ အလတ်စားလုပ်ငန်းများ ပိုမိုဖြစ်ထွန်းကာ ပြည်တွင်းထုတ်ကုန်များကို ပိုမိုတိုးတက်အောင် ဆောင်ရွက်ကြရမည့် အချိန်အခါကောင်းလည်းဖြစ်သည့်အတွက် အားလုံးဝမ်းသာကြောင်း ပြောကြားလိုပါတယ်။
ယခုလက်ရှိတစ်ကမ္ဘာလုံးကြုံတွေ့နေရသော စက်သုံးဆီပြဿနာကိုလည်း မကြာမီအချိန်အတွင်း နိုင်ငံတော်သမ္မတကြီးနဲ့ အစိုးရအဖွဲ့က ဖြေရှင်းနိုင်ရန် ကြိုးစားနေချိန်မှာ ကျွန်တော်တို့ တိုင်းသူပြည်သားများကလည်း နားလည်ပေးပြီး ပူးပေါင်းဆောင်ရွက်ကြပါလို့ အထူးပြောကြားလိုပြီး မြန်မာနိုင်ငံငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက် လာပါလိမ့်မယ်လို့၊ တစ်နိုင်ငံလုံး ယခုနှစ်သစ်မှစ၍ အေးချမ်းသာယာကြပါစေလို့ မေတ္တာရှေ့ထား ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။
ဦးနန္ဒကျော်(ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း)
မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။
ယခုသက်တမ်းအတွက် လွှတ်တော်အသီးသီး၊ အစိုးရဌာနအသီးသီးတို့တွင် ရွေးကောက်တင်မြှောက်ခံရသော ကိုယ်စားလှယ်ကြီးများနှင့် ခေါင်းဆောင်များအတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ အမိမြန်မာနိုင်ငံတော်ကြီး အေးချမ်းတည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်လာစေဖို့ အစွမ်းကုန်ကြိုးစားအားထုတ်ပေးမယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့အသင်းအနေဖြင့် နိုင်ငံတော်နှင့် ပြည်သူအကျိုးအတွက် ကျရာတာဝန်ပံ့ပိုးနိုင်ရန် အသင့်ရှိပါတယ်။ အရှိတရားများ၏အားနည်းချက်ကို လက်ခံပြင်ဆင်နိုင်ပြီး ဖွံ့ဖြိုးတိုးတက်သော ဘုံအကျိုးစီးပွားဆီ ချစ်ခင်စည်းလုံးစွာ ဖြတ်သန်းနိုင်သော အမိမြန်မာနိုင်ငံတော်ကြီး ဖြစ်တည်လာပါစေ။ မြေနှင့် သယံဇာတအရင်းအမြစ်၊ လူ့စွမ်းအားအရင်းအမြစ်၊ နည်းပညာအရင်းအမြစ်တို့ကို အားသာချက်ဖြစ်အောင် စုပေါင်းဖော်ထုတ်ပြီး ထည်ဝါသော အနာဂတ်ဆီရောက်ရှိပါစေ။ မြန်မာပြည်သူပြည်သားအားလုံး ဘေးကင်းအောင်မြင် ပျော်ရွှင်သော မင်္ဂလာနှစ်သစ်ဖြစ်ကြပါစေ။
ဦးမျိုးမြင့်(ဥက္ကဋ္ဌ၊ MKT Construction Company Ltd.)
မြန်မာ့နှစ်သစ်ကူး အခါသမယမှစ၍ မြန်မာပြည်သူပြည်သားများ၊ ကမ္ဘာသူကမ္ဘာသားများအားလုံး အေးချမ်းမှု၊ ငြိမ်းအေးမှု၊ ပျော်ရွှင်မှုများရရှိပါစေ။ မေတ္တာတရားများပွားများနိုင်ပါစေ။ ဗြဟ္မစိုရ်တရားများ ထွန်းကားနိုင်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်ခင်ဗျား။
ဦးမောင်မောင်ဆန်း (ဘဏ္ဍာရေးမှူး၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း)
မင်္ဂလာရှိတဲ့ ၁၃၈၈ ခုနှစ် နှစ်သစ်ကူးအခါသမယမှာ မြန်မာနိုင်ငံသူ နိုင်ငံသား၊ ကမ္ဘာသူကမ္ဘာသားအားလုံးသော ခုနစ်ရက်သားသမီး သူတော်ကောင်းအပေါင်းတို့ စိတ်သစ်၊ လူသစ်ဖြင့် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ။ စီးပွားဥစ္စာရတနာတွေလည်း တစ်နေ့တခြား ဒီရေအလားကဲ့သို့ တိုးတက်ကြီးပွားနိုင်ကြပါစေ။ လိုအင်ဆန္ဒများနဲ့လည်း ပြည့်ဝကြပါစေ။ ရောဂါဘယများလည်း ကင်းဝေးကြပါစေ။ မြန်မာနိုင်ငံကြီး အေးချမ်းသာယာပါစေကြောင်း၊ ငြိမ်းချမ်းပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
သတင်းအဖွဲ့
Newspaper
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 14, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ခန့်အပ်တာဝန်ပေးခြင်း
Ministry of Information / Posted on April 10, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ကြေညာချက်အမှတ် ၃ / ၂၀၂၆
Ministry of Information / Posted on April 10, 2026
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း
Ministry of Information / Posted on April 10, 2026
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း
