ညောင်တုန်းနှင့် ကလေးမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
ညောင်တုန်းနှင့် ကလေးမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
Ministry of Information/ Naypyitaw / August 16, 2025

နေပြည်တော် ဩဂုတ် ၁၅
ညောင်တုန်းမြို့နယ်နှင့် ကလေးမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၁၄ ရက် နံနက် ၉ နာရီခွဲတွင် ညောင်တုန်းမြို့နယ်၊ အရွဲကျေးရွာအုပ်စု၊ အရွဲကျေးရွာအနီးတွင် ရန်ကုန်မှ ပုသိမ်ဘက်သို့ မောင်းနှင်လာသော SUNLONG အမျိုးအစား ခရီးသည်တင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ပါခရီးသည် ကိုကိုအောင်ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၉၂၀ (တစ်ပြားလျှင် ငွေကျပ်၂၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ကျပ် ၁၄၈ သိန်း) ကို ဖမ်းဆီးရမိခဲ့သည်။
ထို့အပြင် ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၆ ရက် မွန်းလွဲ ၃ နာရီတွင် ကလေးမြို့နယ်၊ ကျောင်းတိုက်ကျေးရွာအုပ်စု၊ ဆည်ကြီးကျေးရွာအနီးတွင် ကလေးမြို့မှ လက်ပံချောင်းကျေးရွာဘက်သို့ ဝင်းကိုကို (ခ) အဲကိုမှ ဆိုင်ကယ်ဆိုက်တွဲဖြင့် သယ်ဆောင်လာသည့် ဂျပ်ဖာများဖြင့် ထည့်လျက်ဘိန်းဖြူ ၁၅ ဒသမ ၀၇ ကီလို (၎င်းဒေသတန်ဖိုး ငွေကျပ် ၇,၅၃၅ သိန်း) နှင့် စိတ်ကြွ ရူးသွပ်ဆေးပြား ၉ ဒသမ ၉၂ သိန်း (၎င်းဒေသတန်ဖိုးငွေကျပ် ၁ ဒသမ ၉၈၄ ဘီလီယံ) တို့ကို ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဩဂုတ် ၇ ရက် မွန်းလွဲ ၁ နာရီတွင် မန္တလေးမှ ကလေးသို့ မူးယစ်ဆေးဝါးများ သယ်ဆောင်လာပြီး လွှဲပြောင်းပေးအပ်ခဲ့သည့် တိုးတက်အောင် (ခ) မဲလုံးနှင့် အောင်ခန့်ဇော် (ခ) အောင်ကြီးတို့အား ကလေးမြို့၊ မင်္ဂလာဥယျာဉ်ရပ်ကွက်၊ နယ်မြေ (၅)၊ သတိပဌာန်လမ်းသွယ်ရှိ နေအိမ်တွင် မန္တလေးမှ ကလေးသို့ မူးယစ်ဆေးဝါးများ တင်ဆောင်ခဲ့သည့် HINO ၁၂ ဘီးယာဉ်နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အားမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
သတင်းစဉ်
Newspaper

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၈ ရက် ၊ သြဂုတ် ၁၆ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၇ ရက် ၊ သြဂုတ် ၁၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ August 15, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၆ ရက် ၊ သြဂုတ် ၁၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ August 14, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်များ သတ်မှတ်ကြေညာခြင်း
Ministry of Information / Posted on August 15, 2025
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်များ သတ်မှတ်ကြေညာခြင်း
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များ သတ်မှတ်ကြေညာခြင်း
Ministry of Information / Posted on August 15, 2025
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များ သတ်မှတ်ကြေညာခြင်း
အမျိုးသားလွှတ်တော်မဲဆန္ဒနယ်များ သတ်မှတ်ကြေညာခြင်း
Ministry of Information / Posted on August 15, 2025
အမျိုးသားလွှတ်တော်မဲဆန္ဒနယ်များ သတ်မှတ်ကြေညာခြင်း