တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးအရေးယူ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးအရေးယူ
Ministry of Home Affairs/ နေပြည်တော် / August 07, 2025
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၄ ရက်နှင့် ၅ ရက်က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးအရေးယူ ထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၄ ရက် ည ၁၁ နာရီ ၅၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ရေပုန်းရပ်ကွက်၊ စပါးရွှေဝါလမ်းမကြီး “မြင့်မိုရ်” ကိုယ်ပိုင်အထက်တန်း ကျောင်းရှေ့၌ မြိတ်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ကလွင်ကျေးရွာအုပ်စုနေ ဦးချစ်ရအောင်(၃၀)နှစ် မောင်းနှင်လာသည့် YGN-25/6P-XXXX HONDA INSIGHT မော်တော်ယာဉ်အား လည်းကောင်း။
အလားတူ ဩဂုတ် ၅ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မြို့မအိုးဘိုရပ်ကွက်၊ ဧရာဝတီတံတားစစ်ဆေးရေးဂိတ်တွင် အမှတ်(၄) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ(မကွေး)မှ တပ်ဖွဲ့ဝင်များက ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မကွေးမြို့ဘက်မှ မင်းဘူးမြို့ဘက်သို့ မင်းဘူးမြို့နယ်၊ မန်းရေနံမြေ၊ အိမ်ရာ (၁)နေ ဦးညွန့်ဝင်း(၆၃)နှစ် မောင်းနှင်လာသည့် MDY-12/ 6Q-XXXX HONDA FIT SHUTTLE မော်တော်ယာဉ်အား လည်းကောင်း ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါ မော်တော် ယာဉ်များနှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ မော်တော်ယာဉ်များဖြစ်ကြောင်း သိရှိရသဖြင့် ဦးချစ်ရအောင်နှင့် ဦးညွန့်ဝင်းတို့ နှစ်ဦးအား သက်ဆိုင်ရာရဲစခန်းအသီးသီး၌ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
Newspaper

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၂ ရက် ၊ သြဂုတ် ၁၀ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁ ရက် ၊ သြဂုတ် ၉ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်နေ့ ၊ သြဂုတ် ၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ August 08, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
သတင်းထုတ်ပြန်ချက်
Ministry of Information / Posted on August 09, 2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတ ဦးမြင့်ဆွေသည် ၇-၈-၂၀၂၅ ရက်နေ့တွင် ကွယ်လွန်ခဲ့သည့်အတွက် ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်ကို ရန်ကုန်မြို့၊ စကားဝါလမ်းရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ၈-၈-၂၀၂၅ ရက်နေ့မှစတင်၍ ဖွင့်လှစ်ထားရာ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများနှင့် သံရုံးအကြီးအကဲများက ဝမ်းနည်းကြောင်း လာရောက်လက်မှတ်ရေးထိုးခဲ့ကြသည်။
“တိုင်ကြားနိုင်ပါကြောင်း ပြည်သူသို့အသိပေးခြင်း”
Ministry of Information / Posted on August 07, 2025
“တိုင်ကြားနိုင်ပါကြောင်း ပြည်သူသို့အသိပေးခြင်း”
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ
Ministry of Information / Posted on August 07, 2025
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ