တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိ
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိ
Ministry of Home Affairs/ နေပြည်တော် / January 24, 2026
အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH နှင့် NUG တို့သည် နိုင်ငံတော်ကြီး အလုံးစုံပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံ အကြမ်းဖက်သမားများကို ဖွဲ့စည်း၍ အချို့သောဒေသများတွင် မြို့၊ ရွာများအတွင်း ဝင်ရောက်ကာ တိုက်ပွဲဖော်ဆောင်ခြင်း၊ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် အစိုးရဝန်ထမ်းများ၊ သာသနာ့အကျိုးသယ်ပိုးထမ်းဆောင်လျက်ရှိသော ရဟန်းသံဃာများ၊ အေးချမ်းစွာ နေထိုင်လျက်ရှိသော အပြစ်မဲ့ ဒေသခံပြည်သူများအား ခေါင်းစဉ်အမျိုးမျိုးတပ်၍ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက် နံနက် ၇ နာရီတွင် မွန်ပြည်နယ်၊ ရေးခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ကျည်ထိမှန်ဒဏ်ရာဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အားစိစစ်ခဲ့ရာ ဇန်နဝါရီ ၂၂ ရက် ည ၆ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ရာဖူး(ရွာသစ်)ကျေးရွာနေ ဦးခင်ဦး(၄၁)နှစ်သည် အဆိုပါကျေးရွာရှိ ဘုန်းကြီးကျောင်းအနီး၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမားများက အများ ပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ရမ်းသန်းပစ်ခတ်လိုက်သည့် လက်နက်ငယ်ကျည် လာရောက်ထိမှန် ခဲ့မှုကြောင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်တွင် PDF အမည်ခံ အကြမ်းဖက်သမားများသည် ပြည်သူလူထုအကြား အကြောက်တရားလွှမ်းမိုးစေရန်ရည်ရွယ်၍အပြစ်မဲ့ အရပ်သား ပြည်သူ တစ်ဦးအား ဆင်ခြင်တုံတရား ကင်းမဲ့စွာ သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုအပေါ် ဒေသခံပြည်သူများက ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ PDF အမည်ခံ အကြမ်းဖက် သမားများအား အမြန်ဆုံးဖမ်းဆီးဖော်ထုတ်ရမိရေး လုံခြုံရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။
Newspaper
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဇန်နဝါရီ ၂၅ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ
Ministry of Information / Posted on January 24, 2026
သနန္တန ဓမ္မပါလက (ဟိန္ဒူ) အဖွဲ့ချုပ် သဘောထားထုတ်ပြန်ကြေညာချက် (၁/၂၀၂၆)
Ministry of Information / Posted on January 24, 2026
သနန္တန ဓမ္မပါလက (ဟိန္ဒူ) အဖွဲ့ချုပ် သဘောထားထုတ်ပြန်ကြေညာချက် (၁/၂၀၂၆)
မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်၏ သဘောထားထုတ်ပြန်ခြင်း
Ministry of Information / Posted on January 24, 2026
မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်၏ သဘောထားထုတ်ပြန်ခြင်း
