တပေါင်းပွဲတော် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဖော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲအခမ်းအနားကျင်းပ


Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ / March 12, 2025
တပေါင်းပွဲတော် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဖော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲအခမ်းအနားကျင်းပ


တပေါင်းပွဲတော် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဖော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲအခမ်းအနားကျင်းပ

ဘားအံ-မတ်လ- ၁၂ ရက်

ကရင်ပြည်နယ်၊ ဘားအံမြို့၏ ကျက်သရေဆောင် သေဋ္ဌမာရ်အောင်ဘုရားကြီးပရိဝုဏ်အတွင်း ကရင် ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော (တတိယ)အကြိမ်မြောက် တပေါင်းပွဲတော် အသံမစဲမဟာပဋ္ဌာန်းရွတ် ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲအခမ်းအနားကို မတ်လ ၁၂ ရက်နေ့ နံနက် ၉ နာရီက အဆိုပါဘုရာကြီး ဂန္ဓကုဋီတိုက်အတွင်း၌ ဆင်ယင်ကျင်းပသည်။

ဦးစွာ ပဋ္ဌာန်းသိမ်းအောင်ပွဲအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဝတ်ရွတ်အသင်းအဖွဲ့များနှင့်ဧည့်ပရိတ်သတ်အပေါင်းတို့က နိုင်ငံတော်ဩဝါဒစရိယ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇာနန္ဒ ထံမှ ငါးပါး သီလခံယူဆောက်တည်ကြကာ သံဃာတော်အရှင်သူမြတ်များ ရွတ်ဖတ်သရဇ္ဈာယ်တော်မူသော မေတ္တာသုတ်ပရိတ် တရားတော်များကို နာယူကြည်ညိုကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများကိုလျှောက်ထားတင်ပြပြီး တာဝန်ရှိသူများ၊ စေတနာရှင်၊အလှူရှင်များနှင့်အတူ သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မအလှူ တော်ငွေများ ဆက်ကပ်လှူဒါန်းကြကာ နိုင်ငံတော်ဩဝါဒစရိယ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ် ဆရာတော် မဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇာနန္ဒ ထံမှ ဩဝါဒကထာနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချအမျှပေးဝေကြသည်။

ယင်းနောက် ကြွရောက်ချီးမြှင့်တော်မူကြသော သံဃာတော်အရှင်သူမြတ်များနှင့် ပြည်နယ်ဝန်ကြီးချုပ်အမှူး ပြုသော ဧည့်ပရိတ်သတ်အပေါင်းတို့သည် တပေါင်းပွဲတော် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်း အောင်ပွဲ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ပြီးမြောက်စေပြီး မင်္ဂလာရွှေမိုးငွေမိုးများရွာသွန်းဖြိုးကာ သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းလှူဒါန်းခဲ့ကြ ကြောင်း သိရသည်။

အလားတူ ကရင်ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပြည်နယ်ဥပဒေချုပ်ရုံးက ကြီးမှူးဖွင့်လှစ်သော ပြည်နယ်အဆင့်ဌာနဆိုင်ရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းဆင်းပွဲကို မတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

အဆိုပါသင်တန်းကို ပြည်နယ်အဆင့် အရာထမ်း ၁၂၂ ဦးတက်ရောက်ကြပြီး သင်တန်းဆင်းပွဲတွင် ကရင် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သင်တန်းသား၊သင်တန်းသူများအနေဖြင့် တည်ဆဲဥပဒေများ၊ ထုတ်ပြန်ထား သည့်အမိန့်၊ ညွှန်ကြားချက်များနှင့်လုပ်ထုံးလုပ်နည်းများကိုဆက်လက်၍ ကျယ်ကျယ်ပြန့်ပြန့်လေ့လာကြရန် မှာကြား လိုကြောင်း၊ အထက်ကပေးအပ်သောတာဝန်များကို ဥပဒေနှင့်အညီကျေပွန်အောင်ထမ်းဆောင်ရန်နှင့် မိမိတို့လက် အောက်ဝန်ထမ်းများကိုစီမံခန့်ခွဲခြင်း၊ ဦးဆောင်ဦးရွက်ပြုခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းတို့တွင်လည်း သက်ဆိုင်ရာ ဥပဒေများနှင့်အညီလိုက်နာဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်ကချမှတ်ထားသော ရည်မှန်းချက်များကိုအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းထူးချွန် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဂုဏ်ပြုဆု များပေးအပ်ချီးမြှင့်ပြီး ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်က သင်တန်းဆင်းလက်မှတ်များပေးအပ်ချီးမြှင့်ကာ ပြည်နယ် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သင်တန်းသား၊သင်တန်းသူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ပါသည်။

Newspaper

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၄ ရက်၊ မတ် ၁၂ ရက် ၊ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၃ ရက်၊ မတ် ၁၁ ရက် ၊အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၂ ရက်၊ မတ် ၁၀ ရက် ၊တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 10, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

မြန်မာ့စာတိုက်လုပ်ငန်းမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ ပေးပို့သည့် ချောထုပ်များနှင့် ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ပေးပါရန် အသိပေးအကြောင်းကြားခြင်း

Ministry of Transport and Communications / Posted on March 11, 2025

မြန်မာ့စာတိုက်လုပ်ငန်းမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ ပေးပို့သည့် ချောထုပ်များနှင့် ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ပေးပါရန် အသိပေးအကြောင်းကြားခြင်း

မြန်မာ-အိန္ဒိယ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များအသင်းချုပ်မှ ဂုဏ်ယူဝမ်းမြောက်ကြောင်း ကြေညာချက်

Ministry of Information / Posted on March 11, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတကြီး H.E. Mr. Vladimir Vladimirovich Putin နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတကြီး H.E. Mr. Alexander Gregoryevich Lukashenko တို့၏ ဖိတ်ကြားခဲ့မှုအရ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်များအတွင်း...

မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်ချက်

Ministry of Information / Posted on March 11, 2025

ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတကြီးနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတကြီးတို့၏ ဖိတ်ကြားချက်အရ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်များကို သွားရောက်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ ချစ်ကြည်ရေးခရီးစဉ်များအတွင်း နယ်ပယ်ကဏ္ဍမျိုးစုံ၌ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့်...

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023