တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ၏ တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေအား ကြည့်ရှစစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံအမှာစကားပြောကြား တောင်ကြီး မတ် (၂၃)


Ministry of Ethnic Affairs/ တောင်ကြီး / March 24, 2025
image_latest


တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ဌာနမှ တာဝန်ရှိ သူများနှင့်အတူ ယနေ့ မွန်းလွဲ(၁)နာရီအချိန်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာသို့ ရောက်ရှိ၍ သင်တန်းစင်တာ၌ တည်ဆောက်ရေးလုပ်ငန်းများဖြစ်သည့် လုံခြုံရေး အဆောက်အဦး၊ လျှပ်စစ်မီးစက်ရုံတည်ဆောက်ထားရှိမှုနှင့် လျှပ်စစ်မီးစက်တပ်ဆင်ထားရှိမှုနှင့် ရေလှောင်ကန် ရေယိုစိမ့်မှုအား ပြုပြင်ဆောင်ရွက်ပြီးစီးနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

ယင်းနောက် စင်တာရှိ ဝန်ထမ်းများတွေ့ပြီး ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့် ဝန်ထမ်းစည်းမျဉ်းစည်းကမ်း ညွှန်ကြားချက်များနှင့်အညီ လိုက်နာနေထိုင်ကြရန်၊ သင်တန်းစင်တာသည် မဲခေါင်-လန်ချန်းရန်ပုံငွေဖြင့် တည်ဆောက်၍ ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးများအတွက် သက်မွေးပညာသင်တန်းများဖွင့်လှစ်ပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ပေးနေခြင်းဖြစ်၍ ဝန်ထမ်းများက စံနမူနာပြ ဦးဆောင်၍ သင်တန်းသား၊ သင်တန်းသူများ စည်းကမ်းတကျ နေထိုင်ပြုမူတတ်ရေးကို သေချာလေ့ကျင့်သင်ကြားပေးရန်၊ သင်တန်းသား၊ သင်တန်းသူများ စားသောက်ရေးကို ကျန်းမာရေးနှင့်ညီညွတ်၍ သန့်ရှင်း လတ်ဆတ်သည့် အစားအသောက်ဖြစ်စေရေးကို ကြီးကြပ်စီမံဆောင်ရွက်ပေးရန်နှင့် နေ့စဉ် အသုံးစရိတ်ကို သေချာစိစစ်သုံးစွဲရန်၊ စင်တာရှိ ဌာနပိုင်ပစ္စည်းများ ပျောက်ဆုံး ပျက်ဆီးမှု မရှိစေရေးအတွက် စာရင်း/ဇယားဖြင့်ပြုစုပြီး မှတ်တမ်းထားရှိရန်၊ လစဉ်စစ်ဆေး ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

 ၎င်းနောက် ဌာနရှိ ပုံသေပိုင်ပစ္စည်းစာရင်းနှင့်ပစ္စည်းများ ကြည့်ရှု တိုက်ဆိုင်စစ်ဆေးပြီး  ဝန်ထမ်းများက အထွေထွေဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပါသည်။

 ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာသည် သက်မွေးပညာ သင်တန်းများကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် (၈)ကြိမ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေဖြင့် (၁၆)ကြိမ် စုစုပေါင်း သင်တန်း(၂၂)ကြိမ် ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ (၄၄၀)ဦးအား သက်မွေးပညာသင်တန်းများသင်ကြားပေးနိုင်ခဲ့ကာ ၎င်းသင်တန်းသား/သူများအနေဖြင့် မိမိတို့ရပ်ရွာဒေသတွင် သက်မွေးပညာရပ်များ ပြန်လည် အသုံးချနိုင်နေပြီဖြစ်ကြောင်း သိရှိရပါသည်။

Newspaper

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 09, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 08, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 07, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

Announcement

သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy- DID) သင်တန်း အပတ်စဉ် (၁) ခေါ်ယူခြင်း

Ministry of Foreign Affairs / Posted on May 09, 2025

သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy- DID) သင်တန်း အပတ်စဉ် (၁) ခေါ်ယူခြင်း

မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအား‌ရောင်းချပေးမည်။

Ministry of Transport and Communications / Posted on May 03, 2025

မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအား‌ရောင်းချပေးမည်။

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023