တောင်ဥက္ကလာပမြို့နယ်၌ မြို့နယ်သမဝါယမအသင်းအမှုဆောင်များနှင့် အသင်းဝန်ထမ်းများ အခြေခံစာရင်းရေး၊ စာရင်းကိုင်သင်တန်းဖွင့်လှစ်


Ministry of Cooperatives and Rural Development/ Naypyitaw / May 16, 2026
image_latest


တောင်ဥက္ကလာပ မေ ၁၄

 ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် သမဝါယမဦးစီး ဌာနမှ ရက် ၁၀၀ စီမံချက်အနေဖြင့် မြို့နယ်သမဝါယမအသင်းစုနှင့် ပူးပေါင်းကာ မြို့နယ်သမဝါယမ အသင်းအမှုဆောင်များနှင့် အသင်းဝန်ထမ်းများအခြေခံစာရင်းရေး၊ စာရင်းကိုင် သင်တန်းဖွင့်ပွဲကို တောင်ဥက္ကလာပမြို့နယ် အမှတ် (၉) ရပ်ကွက် လူထုဓမ္မာရုံ၌ ကျင်းပပြုလုပ် ခဲ့သည်။

 သင်တန်းဖွင့်ပွဲအခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (PR) ဦးတင့်ဇော်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မိုးနှင့် သင်္ဃန်းကျွန်းခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှုး ဦးမင်းကိုကိုတို့က အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးခင်ဇော်က မြို့နယ်အတွင်း ဖွဲ့စည်းထားရှိသည့် သမဝါယမအသင်းများအခြေအနေနှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် သင်တန်းဖွင့်လှစ် ရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်သမဝါယမအသင်းစု ဥက္ကဋ္ဌ ဦးသာအောင်ဌေးက မြို့နယ်သမဝါယမ အသင်းစု၏ လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများ ရှင်းလင်းပြောကြားပြီး သင်တန်းသားများနှင့် စုပေါင်းမှတ်တမ်း ရိုက်ကူးခဲ့ပြီး သင်တန်းကိုဆက်လက် ဖွင့်လှစ်ပို့ချခဲ့ပါသည်။

 အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ သင်္ဃန်းကျွန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ တောင်ဥက္ကလာပမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်သမဝါယမဦးစီးမှူးနှင့် သင်တန်းနည်းပြများ၊ သင်တန်းသားများ တက်ရောက်ခဲ့ပြီး သင်တန်းသို့ သင်တန်းသား (၃၀) ဦးတက်ရောက်ပြီး နည်းပြ ၃ ဦးဖြင့် သင်ကြားကာ သင်တန်း ကာလကို မေလ ၁၃ ရက်နေ့မှ ၁၉ ရက်နေ့ထိ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်ဆွေနှင်း (ပြန်/ဆက်)

ရန်ကုန်တိုင်းဒေသကြီး

Newspaper

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 16, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လကွယ်နေ့ ၊ မေ ၁၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 15, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT) အစီအစဉ် အသိပေး နှိုးဆော်ခြင်း

Ministry of Information / Posted on May 14, 2026

ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT)အစီအစဉ် အသိပေးနှိုးဆော်ခြင်း

လူမှုရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ် အသိပေးနှိုးဆော်ခြင်း

Ministry of Information / Posted on May 14, 2026

လူမှုရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ် အသိပေးနှိုးဆော်ခြင်း

အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ်တာဝန် ပေးအပ်ခြင်း

Ministry of Information / Posted on May 14, 2026

အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ပေးအပ်ခြင်း

Video